Channel Myanmar

Lorenzo Lefèbvre

Delicious (2021) 7.0
Delicious (2021)  ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစားတိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင်ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက်ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်းတည်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေးမစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ...။ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့...။ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ...။အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး...။လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်...။ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်းဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်းဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်...၊ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်...၊ သာမန်လူတန်းစားတွေအနေနဲ့ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ...။ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာသတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်...ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်...။ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေလူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့...။ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့်ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် ...
movie

Delicious (2021)

[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

[18+] Bang Gang (A Modern Love Story) (2015) 5.4
[18+] Bang Gang (A Modern Love Story) (2015)  IMDb Rating (5.4)Rotten Tomatoes (67%)ဘီရစ်ဇ်ဆိုတဲ့ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းက နယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့အဲလက်စ်ဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသားလူငယ်လေးတစ်ယောက်၊ သူ့မိခင်က အလုပ်ကိစ္စနဲ့ နိုင်ငံခြားရောက်ရောက်နေတာ များတယ်။ ခြံဝင်းနဲ့အိမ်အကျယ်ကြီးထဲ တစ်ယောက်တည်းဖြစ်နေတဲ့သူ့ဆီကို သူ့အမေခရီးထွက်တဲ့အခါသူ့အချစ်ဆုံး သူငယ်ချင်း နီကီတာဆိုတဲ့ကောင်လေးက လာလာနေပေးတယ်။ ဒီလိုနဲ့ ပျင်းလွန်းမကပျင်းလာတော့ ဘာလုပ်ကြမလဲတိုင်ပင်ရင်း ကျောင်းက တစ်ခြား သူငယ်ချင်းတွေကို ဖိတ်တယ်။ အရက်တွေသောက်တယ် ဆေးတွေချတယ်။ ညစ်ညမ်းကားတွေ အတူကြည့်ကြတယ်။ သူတို့အုပ်စုထဲမှာမှ အချင်းချင်း အီစီကလီရိုက်နေတဲ့ အတွဲတွေရှိတယ်။ တစ်ကြိမ်လောက် လိင်ဆက်ဆံအပြီး ပြတ်သွားတဲ့သူတွေပါမယ်။ သွေးသားပြောင်းလဲကာစ ဆန့်ကျင်ဘက်လိင်နဲ့အသားချင်းထိရင်တောင် ဆန္ဒတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တဲ့ အရွယ် ဆယ်ကျော်သက်လေးတွေဟာ ဆိတ်ကွယ်ရာ လွတ်လပ်တဲ့နေရာမှာ ဒီလိုသက်တူရွယ်တူချင်း၊ အနီးကပ်ထိတွေ့မှုတွေ၊ မူးယစ်ဆေးတွေ အရက်တွေရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ သူတို့ပါတီတွေက တစ်ဖြည်းဖြည်းနဲ့ အုပ်စုဖွဲ့ ဖောင်ဒိုင်းကြတဲ့ပွဲတွေဖြစ်ဖြစ်လာပါတော့တယ်။ တစ်ခွန်းထဲပဲပြောရရင် ရေလည်ကြမ်းပါတယ်၊ ကြည့်နေရင်းနဲ့ကို အားကျစိတ်တွေတဖွားဖွားပေါ်လာပြီး အားမလိုအားမရဖြစ်ပြီး စောင်ကိုက်နေရမှာပါ။ ဟိဟိ။( Dark Side Production မှ တင်ဆက်သည်။)  File size…(1.7 ...
movie

[18+] Bang Gang (A Modern Love Story) (2015)