Channel Myanmar

Lori Hayes

Noble Intentions (2023)
Noble Intentions (2023)  ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.8 GB)/(910 MB)/(435Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Noble Intentions (2023)

Miss Juneteenth 2020 5.7
Miss Juneteenth 2020 ပထမဦးဆုံး Juneteenth ဆိုတာက 1865 ခုနှစ်က အမေရိကန် Texas မှာရှိတဲ့ ကျွန်တွေအားလုံးကို လွတ်လပ်ရေးပေးလိုက်တဲ့နေ့ဖြစ်ပါတယ် June လ 19 ရက်နေ့ဟာ Juneteenth ( June + nineteenth ) ဖြစ်ပါတယ် ဒီဇာတ်လမ်းထဲက ဇာတ်လိုက်အမျိုးသမီးဟာ Miss Juneteenth အဖြစ် အနိုင်ရရှိဖူးသူတစ်ယောက်ဖြစ်ပါတယ် နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးဖို့အတွက် ငယ်ရွယ်သူအမျိုးသမီးတွေထဲကတစ်ယောက်ကို ရွေးချယ်လေ့ရှိပါတယ် Miss Juneteenth ရရှိခဲ့ဖူးတဲ့ တာကို့စ်ဟာ သူ့ရဲ့သမီးလေးကိုလည်း သူ့လိုပဲ Miss Juneteenth သရဖူရရှိစေချင်သူပါ။ ငွေကြေးမတတ်နိုင်တဲ့ကြားက အပင်ပန်းခံ ငွေကုန်ခံပြီး သမီးဖြစ်သူ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ အဖက်ဖက်က ကြိုးစားပါတော့တယ်။ ဒါပေမယ့် သမီးဖြစ်သူက အကကိုပဲ ဝါသနာပါတဲ့သူဖြစ်ပြီး Miss Juneteenth ဖြစ်ဖို့ စိတ်အားထက်သန်ခြင်းမရှိပါဘူး။ လေ့ကျင်စဉ်ကာလမှာလဲ ဘာမှမလေ့လာဘဲ အလွဲလွဲအချော်ချော်တွေ လုပ်ပါသေးတယ်။ ...
movie

Miss Juneteenth 2020