Channel Myanmar

Lorna Brown

Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

The Batman (2022) 8.3
The Batman (2022) ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။File size…(4.4 GB)/(1.8 GB)/(1 Gb)/( 500 Mb) Quality….WEB-DL 4K HEVC / 1080p / 720p / 480p Format…mp4 Duration….02:56:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson, Nyeinsaeya Aung Translated by Mr. Anderson 
movie

The Batman (2022)

4K HEVC Web-DL
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012