Channel Myanmar

Lorne MacFadyen

The Angels’ Share (2012) 7.0
The Angels’ Share (2012)  IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်File size…(1.9 GB)/(988 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Angels’ Share (2012)

Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie

Operation Mincemeat (2022)

Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018
The Little Stranger (2018) 5.8
The Little Stranger (2018) Drama/Mystery ..IMDb 5.8/10၁၉၄၈ ခုနှစ် နွေရာသီမှာဖြစ်သည်။မနက်စောစော ကိုယ်လက်သန့်စင်ကာ မုတ်ဆိတ်ရိတ်နေရင်းသူ့ဆီဖုန်းဝင်လာသည်။ဟန်ဒရစ် အိမ်ကြီးဆီလူနာသွားကြည့်ပေးဖို့ဖြစ်သည်။ဟန်ဒရစ်အိမ်ကြီးသည် သူနှင့် စိမ်းသည်တော့မဟုတ်။အဲစ် မိသားစုမှာ ရာစုနှစ် နှစ်ခုသုံးခုတိုင်ထိုအိမ်ကြီးတွင်နေထိုင်ခဲ့ကြသော လူကုန်ထံများဖြစ်သည်။ဂုဏ်ပကာသန ထည်ဝါစွာအဆင့်မြင့်မြင့်နေထိုင်ခဲ့ကြသူများဖြစ်သည်။သူတို့ ခုလည်းဒီလိုပဲနေထိုင်တုန်းလားမသိ။သူကိုယ်ပိုင်ကားလေးမောင်းပြီး တောလမ်းများဖြတ်ကာအိမ်ကြီးဆီရောက်လာခဲ့ပြီ။ရှေ့ဂိတ်ပေါက်ရှိသော်လည်း နောက်ဖက်ဂိတ်ပေါက်မှတံခါးကို ကားပေါ်မှကိုယ်တိုင်ဆင်းဖွင့်ကာ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့သည်..။ခြံဝန်းထဲရောက်သောအခါ မည်သူမျှမတွေ့။သူကားပေါ်မှဆင်းပြီး တစ်ချိန်ကထည်ဝါစည်ကားခဲ့သလောက် ယခုမျက်စိရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးကို ရပ်ကြည့်နေမိသည်..။မည်မျှကြာအောင် ရပ်ကြည့်နေမိသည်မသိ။ခြေသံကြားမှ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်မှ သူ့ဆီလျှောက်လာရင်း လှမ်းနှုတ်ဆက်၏…။“ဟယ်လို..ခင်ဗျားကဘယ်သူတုန်း” “ကျွန်တော် ဒေါက်တာ ဖာရာဒေးပါ”နှုတ်ဆက်သူမှာ ခြေတစ်ဖက်ဆာနေပြီး သူ၏ညာဖက်ပါးပြင်နှင့် နားတစ်ဝိုက်တွင် မီးလောင်ပြီးအရည်ပြားများစုတ်နေသည့် အမာရွတ်ကြီးရှိသည်။သူကသူ့ကိုယ်သူမိတ်ဆက်၏။“ကျွန်တော်က ရော့ဒရစ်အဲရစ်ပါ ..ကားသံကြားတော့ ဒေါက်တာ ဂရန်ဂျာမှတ်နေတာ”………… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : ...
movie


2018