Channel Myanmar

Lotte Verbeek

The Book of Vision (2021) 6.4
The Book of Vision (2021)  IMDb - 6.2/10ဇာတ်လမ်းအညွှန်းအေဗာ ဟာ ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်မယ့်အစားတက္ကသိုလ်တစ်ခုမှာ ဆေးပညာသမိုင်းကို သုတေသနလုပ်ဖို့ဆုံးဖြတ်လာခဲ့ပါတယ်။ သူက ၁၈ရာစုပိုင်း ရှေးဟောင်းဆေးပညာသမိုင်းကို လေ့လာမှာဖြစ်ပြီး သူရှာတွေ့သွားတာကတော့သမားတော် ဂျိုဟန်အန်းမက်သ် ရဲ့ လက်ရေးမှတ်တမ်းစာအုပ်ဖြစ်ပါတယ်။ သမားတော် အန်းမက်သ်က လူနာတွေရဲ့ ခံစားချက်တွေ၊အကြောက်တရားတွေနဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ပေးရင်းဒါတွေကို အခြေခံပြီး လူနာတွေကို ကုသပေးတာဖြစ်ပါတယ်။အဲ့ခေတ်အခါက သစ်ပင်၊တောတောင်တွေကို နတ်ကိုးကွယ်သလိုကိုးကွယ်ကြတဲ့သူတွေနဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ယူဆကြတဲ့သူတွေအကြား ပဋိပက္ခဖြစ်မှုတွေနဲ့အတူ ယနေ့ခေတ်ဆေးပညာအနေနဲ့ ဖြစ်တည်လာမယ့် ဆေးပညာအသစ်ကို အစားထိုးအသုံးပြုလာကြတော့မယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာဖြစ်တည်ခဲ့ကြတဲ့ လူနာတွေရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေအကြောင်းကို အန်းမက်သ်ရဲ့ စာအုပ်ထဲမှာရေးသားထားပါတယ်။ အေဗာ တစ်ယောက် ဒီစာအုပ်ကို ဖတ်ရင်းသူကိုယ်တိုင် ဇာတ်ဆောင်နေရာတွေမှာ ခံစားကြည့်ပြီး သူကြုံတွေ့နေရတဲ့ အကျဉ်းအကျပ်အတွက် ဒီစာအုပ်ကနေ ဘယ်လို စိတ်ခွန်အားရသွားသလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက မိနစ်၉၀သာ ကြာမြင့်ပြီး ၁၈ရာစုအပြင်အဆင်လေးတွေလည်း ကြည့်ရှုနိုင်မယ့်အပြင် mystery တွေကို ...
movie

The Book of Vision (2021)

The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014