Channel Myanmar

Louis Talpe

Het Geheugenspel (2023) 6.2
Het Geheugenspel (2023)  IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ် အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ် အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ် အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါFile size…(1.6 GB)/(902 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Het Geheugenspel (2023)

The Wonder Weeks(2023)
The Wonder Weeks(2023) The Wonder Weeks(2023)************************ဒီဇာတ်ကားလေးကတော့ မွေးခါစဘေဘီလေးတွေကို မေမေ၊ဖေဖေတို့ကအစွမ်းကုန်ဘယ်လိုထိန်းကျောင်းကြမလဲမြင်တွေ့ရမယ့်ကားလေးပါ။ များသောအားဖြင့် ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်ဆိုရင်သာ ကြိုတင်ပြင်ဆင်လေ့ရှိကြပေမယ့် ကလေးမွေးပြီးနောက်ပိုင်းကြုံရမယ့်အရာတွေကို ကြိုတင်မှန်းမထားနိုင်သလို ပြင်ဆင်ထားဖို့ကလည်းခက်ခဲပါတယ်။ ဥပမာ ညဖက်ကလေးထထငိုလို့ အိပ်မရတာမျိုး၊ ကလေးက မဆော့မကစားဖြစ်နေတာဘာဖြစ်မှန်းမသိရတာမျိုးပေါ့။ မိမိကလေးက နေကောင်းလား၊ အစားဝင်လား၊ ဒီအရွယ်မှာ ပုံမှန်ပဲလား၊ တစ်ခုခုဖြစ်နေပြီလားနဲ့ မေမေဖေဖေတို့က ပူပန်ကြမှာအမှန်ပါပဲ။ ဒီအကြောင်းအရာတွေကို ဇာတ်လမ်းလေးထဲမှာ မိသားစုသုံးစုနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ပထမမိသားစုက မေမေက အရမ်းအစိုးအရိမ်ကြီး စည်းစနစ်ကျလွန်းပါတယ်။ အိပ်တာစားတာကအစ အချိန်ဇယားအတိုင်းလုပ်လွန်းတော့ မီးမီးလေးက အဝလွန်လာရော၊ဒါကိုဘယ်လိုကျော်ဖြတ်ကြမလဲ။ ဒုတိယမိသားစုကျတော့ ဓလေ့မတူကြတာဗျ။ ဖေဖေ့ဘက်က ဓလေ့တစ်ခု မေမေ့ဘက်ကဓလေ့တစ်ခုနဲ့ဗျာများရင်း ဗရုတ်သုတ်ခလေးတွေဖြစ်ကြတာပေါ့။ တတိယမိသားစုကျတော့ မေမေနှစ်ယောက် ဖေဖေတစ်ယောက်ဗျ။ ဖေဖေက ဗရုတ်ကခပ်ကျကျ မေမေတစ်ယောက်က တစ်ယူသန်နဲ့ဗျ။ ကဲ ဒီမိသားစုလေးတွေရဲဘဝက ကလေးကိုယ်စီထိန်းကျောင်းရင်းဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။File Size : (1.6GB) and (725MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:30:00 Genre : Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

The Wonder Weeks(2023)

The Racer (2020)
The Racer (2020) The RacerRating - 5.6 /10ခင်ဗျားတို့ ကိုယ်ရဲ့ career တစ်လျှောက်လုံးသူများအဖြည့်ခံအဖြစ် အသုံးချခံရဖူးလား?သာဒီးလူရဲ့ 'လိုသုံး' ထဲက  မလိုတော့တဲ့အခါချောင်ထိုးခံရပြီး လိုတဲ့အခါမှ အသုံးချခံရဘူးလား?အနည်းနဲ့အများတော့ ဘယ်နယ်ပယ်မဆို အသုံးချခံရမှာပါ။ဒီလိုပါပဲ ဒီဇာတ်ကားက sport film ဖြစ်ပြီစက်ဘီးသမားတစ်ယောက်ရဲ့ အသက်အရွယ်ကို ခုတုံးလုပ်ပြီး အသုံးချခံရတဲ့ အကြောင်းပါ။sport crazy တွေနဲ့ မစိမ်းတဲ့ The sport series ထဲမှ Louis Talpeကခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ပြင်သစ်ခရီးစဥ်( Tour de france) ဆိုတာ နိုင်ငံတွေဖြတ်၊ ပြည်နယ်တွေဖြတ်ပြီးအဆင့်လိုက် စက်ဘီးစီးပြိုင်ရတဲ့ နာမည်ကြီးပြိုင်ပွဲတစ်ခု။စက်ဘီးသမားတွေအတွက် အဝါရောင်ဂျာဆီ၊ အဖြူရောင်ဂျာဆီအတွက်အလုအယက်ယှဥ်ပြိုင်ရတဲ့ ပြိုင်ပွဲ။ အဝါရောင်ဂျာဆီရတဲ့သူဟာပြိုင်ပွဲတစ်ပွဲလုံးရဲ့ ခေါင်းဆောင်လို့ ပြောနိုင်ပါတယ်။အဖြူရောင်ဂျာဆီကတော့ အသက် ၂၅နဲ့ ၂၅အောက်ပြိုင်ပွဲဝင်တွေကို ချီးမြှင့်တာဖြစ်တယ်။အော့စရိတ်ဂျ်လို့ခေါ်တဲ့ အသင်း အိုင်ယာလန်ကို၁၉၉၈ ပြင်သစ်ခရီးစဥ်အတွက် လာရောက်တဲ့အခါ.....အသုံးချခံရလိုက် ချောင်ထိုးခံရလိုက်နဲ့ အသက်ကြီးပြီဖြစ်တဲ့ ...အသင်းခေါင်းဆောင်ပဲ နိုင်ရမယ်လို့ အသင်းကသတ်မှတ်ပြီးသား ပြိုင်ပွဲမှာ နိုင်လို့မဖြစ်တဲ့အထောက်စက်ဘီးသမားတစ်ယောက်...ခေါင်းဆောင်စက်ဘီးသမားနိုင်အောင်အမြဲအနစ်နာခံပေးရတဲ့ ...
movie

The Racer (2020)

2020