Channel Myanmar

Lourdes Llamas

Venus (2022) 5.5
Venus (2022)  သွေးသံတရဲရဲကြမ်းကြမ်းတမ်းတမ်း Horror ကားတွေကိုမှကြိုက်တဲ့လူတွေအတွက် Venus ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 5.5 ရရှိထားပြီးသူ့အနေအထားနဲ့ သူတော့ကြည့်လို့ကောင်းတယ်လို့ပြောလို့ရပါတယ်။နာမည်ကြီး Horror ကားတွေကြည့်ရတာ အကုန်ကုန်ပြီးတော့ကြည့်စရာရှာနေရတယ်ဆိုရင် ဒီကားလေးကိုတော့စမ်းကြည့်ကြည့်လိုက်ကြပါ။ဇာတ်လမ်းအစမှာတော့ လူစီယာလို့ခေါ်တဲ့ကလပ်မှာကပြဖျော်ဖြေရတဲ့ကောင်မလေးတစ်ယောက်က ကလပ်ကနေမူးယစ်ဆေးတွေခိုးပြီးထွက်ပြေးလာခဲ့တာကိုတွေ့ရမှာပါ။အဲ့ဒီဆေးတွေကြောင့် သူ့အလုပ်ရှင်တွေကသူ့နောက်ကိုလိုက်လာတဲ့အတွက် ကြံရာမရတဲ့အဆုံးသူ့ အစ်မတိုက်ခန်းဆီသွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ သူ့အစ်မပျောက်နေပြီးပြန်မလာတဲ့အပြင် သူ့ကိုလိုက်ရှာနေတဲ့လူတွေရဲ့ရန်ကို ကြောက်တဲ့အတွက်အဲ့ဒီတိုက်ခန်းမှာပဲ ဆက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခန်းကသူ့ကိုလိုက်ဖမ်းနေတဲ့ လူတွေထက်အများကြီး ပိုကြီးမားတဲ့ပြဿနာဆိုတာကိုလူစီယာတစ်ယောက်သိခဲ့ရပါတော့တယ်။အဲ့ဒီပြဿနာကြီးကတော့ အဲ့ဒီတိုက်ခန်းကကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။လူစီယာတစ်ယောက် တွေ့ကြုံနေရတဲ့ကြောက်မက်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့အရာတွေက ဘယ်လောက်တောင်ဆိုးတဲ့အရာတွေလဲ သူ့နောက်ကိုလိုက်ဖမ်းနေတဲ့လူတွေကရော သူ့ကိုရှာတွေ့သွားကြမလား အရေးကြုံနေတဲ့အချိန်မှာ ပျောက်သွားတဲ့သူ့အစ်မကရော ဘယ်တွေကိုရောက်နေပြီး အချိန်မှီရောပြန်လာနိုင်ပါ့မလားဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကြည့်ရှုရမဲ့သည်းထိတ်ရင်ဖိုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.47GB / 629MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Venus (2022)