Channel Myanmar

Lu Xingyue

Now You See Me ( 2023 ) 5.8
Now You See Me ( 2023 ) ယခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသသိုင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဝူခေတ်နှောင်းပိုင်းမှာ ရုပ်ပြောင်းရုပ်လွှဲပညာကို ကျွမ်းကျင်တဲ့ ရှီကျုံးယွိ၊ စက်ပညာကို ကျွမ်းကျင်တဲ့ ယွမ်ပေါင်၊ အဆိပ်ပိုးကောင်ပညာကို ကျွမ်းကျင်တဲ့ ချီးဖုန်းဟယ်နှင့် မျက်လှည့်ပညာနဲ့ သိုင်းပညာတို့ကို ကျွမ်းကျင်တဲ့ ကျန်အာတို့ဟာ သူရဲကောင်းသူခိုးအဖွဲ့အဖြစ်နဲ့ အစိုးရရုံးတွေကို ခိုးယူခြင်းဖြင့်နာမည်ကြီးနေပါတယ်။သူရဲကောင်းသူခိုးများအဖွဲ့ဟာ သရဲဝိညာဉ်အဖြစ်ဟန်ဆောင်ပြီး အစိုးရငွေတွေကို လုယူခဲ့တယ်။ စူးမိသားစုလိုက်အသတ်ခံရတဲ့အမှုကို လိုက်လံစုံစမ်းခဲ့တယ်။ နတ်အဖြစ်ဟန်ဆောင်ပြီး ငွေတောင်းနေတဲ့ ရှန်ယင်ဂိုဏ်းကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ အစိုးရရုံးတော်က အမတ်ကြီးလျိုကျီးချန်းက ကြိုးကိုင်ထားတာကို သိခဲ့ရတယ်။ သူတို့ဟာ လျိုအိမ်တော်ထဲဝင်ပြီး သွားရောက်စုံစမ်းချိန်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်အကြံအစည်ကြီးတစ်ခုကို သိလိုက်ရပါတယ်။ထိုအကြံအစည်ကြီးက ဘာများဖြစ်မလဲ ...... သူရဲကောင်းသူခိုးများအဖွဲ့ကရော သူတို့ ၄ ယောက်အင်အားနဲ့ လျိုကျီးချန်းရဲ့ စစ်တပ်ကြီးကို အနိုင်ရနိုင်ပါ့မလား...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

Now You See Me ( 2023 )