Channel Myanmar

Lu Yuantian

Wilderness Mystery Case ( 2023 ) 6
Wilderness Mystery Case ( 2023 ) ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ...... လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ...... လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime  Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Wilderness Mystery Case ( 2023 )