Channel Myanmar

Luc Palun

22 Bullets (2010) 6.6
22 Bullets (2010)  ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

22 Bullets (2010)

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

Julie & Julia (2009) 7
Julie & Julia (2009) Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Julie & Julia (2009)

2009
Amélie (2001) 8.3
Amélie (2001) Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie

Amélie (2001)

2001
A Bag of Marbles (2017) 7.3
A Bag of Marbles (2017) A Bag of Marbles (2017) IMDb - 7.3/10_______Rotten - 82%  လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ် အဖေကျွန်တော့်ကို မေးတယ် ဂျိုး.. မင်း ဂျူးလား... ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ် မဟုတ်ပါဘူး ဖြောင်း........ အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊ ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။ ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။ ဘာလို့လဲ..ဘာလို့.. အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ် မင်းဂျူးလား ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ် ဖြောင်းးး ရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ် ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့  အဖေ ပြောနေတယ် အဖေ ထပ်ပြီး မေးတယ် မင်းဂျူးမှန်းငါသိတယ် မှန်မှန်ဖြေစမ်း မဟုတ်ဘူး..... စကားတောင်မဆုံးသေးဘူး ဖြောင်း ... ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ် အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ် အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ် အဖေ ထပ်မေးတယ် မင်းဂျူးလား ကျွန်တော်မျက်ရည်တွေကျလာပြီး မဟုတ်ဘူး မဟုတ်ဘူး .... အထပ်ထပ်ခါခါ ပြန်ဖြေနေခဲ့တယ် ပြီးမှာ အဖေ ကျွန်တော့်ကိုဖက်ပြီး သားလေး တစ်ယောက်ယောက်ဆီမှာအသတ်ခံရမှာ ကြောက်ရွှံ့နေတာထက် ပါးအရိုက်ခံရတဲ့ နာကျင်မှုကပိုကောင်းပါတယ်ဒီဇာတ်ကားရဲ့မှုရင်းနာမည်က Un Sac De Billes ဖြစ်ပြီး အင်္ဂလိပ်နာမည်က A bag of marbles လို့အမည်ပေးထားပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၇ ဇန်နဝါရီလ ...
movie

A Bag of Marbles (2017)

2017