Channel Myanmar

Lucas Nabor

All the Names of God (2023)
All the Names of God (2023) အကြမ်းဖက်ဝါဒ (terrorism)တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ...
movie

All the Names of God (2023)

My Fault (2023) 6.3
My Fault (2023) My Fault (2023)~ IMDb - 6.3/10, Rotten Tomatoes - 94% ~စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ...
movie

My Fault (2023)

2023