Channel Myanmar

Luke Norris

The Duchess (2008) 6.9
The Duchess (2008)  Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie

The Duchess (2008)

The Weekend Away (2022) 6.0
The Weekend Away (2022) The Weekend Away (2022)====================IMDb Rating - 6.0/10Beth တစ်ယောက် သူငယ်ချင်းဖြစ်သူKate ရဲ့ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်အပန်းဖြေ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ သူခရီးထွက်ခဲ့တဲ့နိုင်ငံက ခရိုအေးရှားပေါ့။ Beth ဆိုတာက အိမ်ထောင်ရှင်မ ကလေးတစ်ယောက်အမေ...Kateကတော့ ယောကျ်ားဖြစ်သူနဲ့ကွဲထားတဲ့ မိန်းမတစ်ယောက်...သူတို့နှစ်ယောက်က သူငယ်ချင်းဆိုပေမယ့် ဆီနဲ့ရေလိုကွာခြားတယ်။ တစ်ယောက်က Introvert တစ်ယောက်က extrovert..ဒါပေမယ့် Kateက သူ့သူငယ်ချင်းကို ပျော်အောင်ဆိုပြီး ခရိုအေးရှားရောက်တုန်း စားသောက်ဆိုင်မှာထမင်းလိုက်ကျွေးပြီး ကလပ်မှာ ပျော်ဖို့ခေါ်သွားခဲ့တာပေါ့။ ကလပ်မှာသောက်စားမူးပြီး မနက်ကျ Bethတစ်ယောက် သူတည်း နေတဲ့အခန်းမှာပဲ ပြန်နိုးလာခဲ့ပါတယ်။ဒါပေမယ့် သူ့သူငယ်ချင်း Kateကတော့ မရှိတော့ပါဘူး။ Kateတစ်ယောက်စာမလာအကြောင်းမကြားပဲပျောက်နေလို့ Bethကတော့ သူ့ရဲ့အပန်းဖြေ ခရီးလေးမှာ ရှာပုံတော်ဖွင့်ရပါတော့တယ်။ Kateက တစ်ကယ်ပဲပျောက်ဆုံးသွားတာလား။ ဒါမှမဟုတ် ဟိုးအရင်ကလို Beth ကိုဘာမှမပြောပဲထွက်သွားတာများလား....စတာတွေကို ကြည့်ရှုခံစားရမယ့် Crime, Drama, Mystery အသစ်စက်စက်လေးကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.17 GB) / (560 MB) ...
movie

The Weekend Away (2022)

2022