Channel Myanmar

Luke Wilson

Blades of Glory (2007)
Blades of Glory (2007)  2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ်ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ "မတည့်အတူနေ"သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Blades of Glory (2007)

3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie

3:10 to Yuma (2007)

2007
Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
Miranda’s Victim (2023) 6.5
Miranda’s Victim (2023)  IMDb 6.6 / Rotten Tomatoes 77%ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ...
movie

Miranda’s Victim (2023)

Old School (2003) 7.0
Old School (2003) ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ ‌ အရိုးရဲ့ ‌‌‌အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို‌မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ‌ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…  3 GB ...
movie

Old School (2003)

2003
Fingernails (2023) 5.9
Fingernails (2023) Fingernails (2023)Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ ...
movie

Fingernails (2023)

2023
Vacancy (2007) 6.2
Vacancy (2007) Vacancy (2007)ဇာတ်လမ်းအကျဉ်းကတော့ ဒေးဗစ်နဲ့ အေမီတို့စုံတွဲဟာ မိဘတွေရဲ့ နှစ်ပတ်လည်ပါတီကိုသွားရင်း လမ်းမှာ မျက်စိလည်လမ်းပျောက်နေတဲ့အပြင် ကားပါပျက်သွားပါတယ်။ အဲဒါနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လမ်းမှာတွေ့ရတဲ့ မိုတယ်တစ်ခုမှာပဲ ဝင်တည်းဖြစ်သွားပါတယ်။ မိုတယ်အခန်းထဲမှာ ပေးထားတဲ့ ဇာတ်ကားတွေကို အပျင်းပြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သွေးသံရဲရဲနဲ့ လူသတ်ကားတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဇာတ်ကားတွေအားလုံးက ရိုက်ထားတဲ့ပုံစံတွေ အတူတူဖြစ်နေပြီးတော့ ရိုက်ထားတဲ့နေရာက သူတို့တည်းတဲ့ မိုတယ်အခန်းထဲမှာပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ လူသတ်သမားတွေလက်ထဲကနေ ထွက်ပြေးနိုင်ဖို့ အချိန်နောက်ကျသွားပါပြီ။ ညဘက်ကြီး ဘယ်မှာရောက်နေမှန်းမသိတဲ့အပြင် လူသတ်သမားတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ သူတို့စုံတွဲ လူသတ်သမားတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 897MB | 488MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Vacancy (2007)

2007
My Super Ex-Girlfriend (2006) 5.2
My Super Ex-Girlfriend (2006) My Super Ex-Girlfriend (2006)Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ...
movie

My Super Ex-Girlfriend (2006)

2006
Rushmore (1998) 7.6
Rushmore (1998) Rushmore (1998)~ IMDb - 7.6/10, Rotten Tomatoes - 90% ~ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity ...
movie

Rushmore (1998)

1998
The Best Man (2023) 4.3
The Best Man (2023) The Best Man (2023) ===============ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "The Best Man"ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့ သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန် ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ် ကြတော့မယ်ပေါ့လေ။ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့ မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန် ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (560 MB) / (325 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Ngwe Zin Encoder..........SWM
movie

The Best Man (2023)

2023
Meeting Evil(2012) 5.3
Meeting Evil(2012) မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jacksonဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိအိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံးအလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန်တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်ကသူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီးခြေထောက်ထိသွားပါတော့တယ်။ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူးဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီးဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကိုလှံစိုက်သလို ဖြစ်လာရတော့တယ်။ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကိုဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲစသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ်မဟုတ်ရင် ...
movie

Meeting Evil(2012)

The Family Stone(2005) 6.5
The Family Stone(2005) The Family Stone (2005)===============မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစု‌တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်း‌လေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်ဒစ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာ‌ရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး.....File size…1.53GB / 676MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 43m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Family Stone(2005)

Look Both Ways (2022) 6.4
Look Both Ways (2022) Look Both Ways (2022) ================= IMDb Rating - 6.4/10ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့  နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို ...
movie

Look Both Ways (2022)

2022
Gasoline Alley (2022)
Gasoline Alley (2022) Gasoline Alley (2022)ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ လေး‌လောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်ကအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာ‌တူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညကJimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP  AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey
movie

Gasoline Alley (2022)

Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997
12 Mighty Orphans(2021)
12 Mighty Orphans(2021) မိဘမဲ့ကလေးတွေကို ဘောင်အပြင်ကလူတွေလို အပယ်ခံတွေအဖြစ်နဲ့ တစ်ဆင့်နှိမ့်ပြီး သတ်မှတ်တတ်ကြပါတယ်။သနားစရာကောင်းရင်ကောင်း၊ မကောင်းရင် ကြောက်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။Youtube မှာတွေ့လိုက်တဲ့ အပြေးပြိုင်ပွဲလေးတစ်ခုအကြောင်းကို သွားပြီးသတိရပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကို တညီတည်းရပ်စေပါတယ်။ မိဘရှိသူကို ခြေတစ်လှမ်းတိုးခိုင်းတယ်။ နေစရာရှိသူကို တစ်လှမ်းတိုးခိုင်းတယ်။ အလုပ်ရှိသူ၊ ဘွဲ့ရသူ စတဲ့ အားသာချက်တစ်ခုတိုင်းအတွက် ခြေလှမ်းတစ်လှမ်းစီရှေ့ကိုခိုင်းပါတယ်။နောက်ဆုံး အားလုံးအတွက် နေရာသတ်မှတ်ပြီးတဲ့ အချိန်မှာ အနောက်ဆုံးက လူတွေဟာ သနားစရာအကောင်းဆုံး (သို့) ကြောက်စရာအကောင်းဆုံးလိုလူတွေပဲ ကျန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ သူတို့က တခြားသူတွေလိုပဲပြိုင်ပွဲဝင်ပါပဲ။ အနောက်ဆုံးမှာဆိုပေမဲ့ သူတို့မှာ ဝင်ရောက်ပြိုင်ဆိုင်ခွင့်၊ ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ခွင့်ရှိနေပါတယ်။တခြားသူတွေက သူတို့ကို အထင်သေးအမြင်သေးဖြစ်နေပေမဲ့ သူတို့ကိုယ်သူတို့ "ငါသည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲ" ဆိုတဲ့ လေးစားသမှုလေးဝင်ပြီး ပထမရဖို့ကို အားကုန်ပြေးခဲ့ကြပါတယ်။ လူ့လောကကို အပြေးပြိုင်ပွဲလေးတစ်ခုနဲ့ ဥပမာပြသွားတာ အရမ်းကိုသေသပ်ပါတယ်။ နောက်ဆုံးကနေတာထွက်ရတဲ့သူက ပထမမရဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။နောက်ဆုံးကနေတာထွက်ရတောင် လောကအလည်မှာ ပထမနေရာဆိုတာကို ရနိုင်တဲ့အကြောင်းကို စွမ်းပကားကြီးတဲ့ မိဘမဲ့ကလေး ၁၂ ယောက်က ဒီဇာတ်ကားမှာ သက်သေပြသွားကြမှာပါ။မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေကို အနှိမ်ခံအပယ်ခံဘဝကနေ ...
movie

12 Mighty Orphans(2021)

2021
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) [Unicode]IMDb rating 5.4/10 ရရှိထားပြီး ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတို့ရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပု့ိဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ် ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလား လောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရင်သပ်ရှူမောဖွယ်ရာ ရိုက်ကွင်းရိုက်ကွက်များနဲ့ ရှူစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါအုံးဗျာ။( ပါဝင်ရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပြည်သူ့ အသည်းကျော် ဂျက်ကီချန်းဆိုတော့ အထွေအထူးမပြောတော့ပါဘူး ) [Zawgyi]IMDb rating 5.4/10 ရရွိထားျပီး ...
movie

Around the World in 80 Days (2004)

Anchorman: The Legend of Ron Burgundy 2004 7.2
Anchorman: The Legend of Ron Burgundy 2004 San Diego မြို့လို ယောကျာ်းလေးများသာ သတင်းတင်ဆက်သူဖြစ်ခွင့်ရှိတဲ့မြို့ကြီးမှာ Ron Burgundy လို့ခေါ်တဲ့ Anchorman ဟာ အာဏာအရှိဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်လာခဲ့ပါတယ် သူနဲ့သူ့သူငယ်ချင်းများပါဝင်တဲ့ Channel 4 News Team ဟာ Network မှာငါးနှစ်ဆက်တိုက် နံပါတ်တစ်ဖြစ်လာခဲ့ပါတယ် တစ်နေ့မှာတော့ ပါတီပွဲတစ်ခုမှာ Veronica Coringstone လို့ခေါ်တဲ့ သတင်းထောက်မလေးနဲ့ တွေ့ဆုံပြီး သူမကိုသဘောကျသွားခဲ့ပါတယ် ဖြစ်ချင်တော့ Coringstone ဟာလည်း San Diego ရဲ့ရှေးရိုးစွဲအစဥ်အလာကို ချိုးဖောက်ပြီး သတင်းတင်ဆက်သူဖြစ်ချင်တဲ့ မိန်းကလေးဖြစ်နေတာပေါ့ အဲ့လိုနဲ့ နောက်တစ်နေ့မှာ Coringstone တစ်ယောက် Burgundy ရှိတဲ့ Channel 4 News ကိုရောက်လာပါတော့တယ် အဲ့မှာစပြီး Coringstone ဟာ ဟတင်းတင်ဆက်သူဖြစ်နိုင်မယ့် အခွင့်အရေးကိုစောင့်ဆိုင်းနေရင်း တစ်နေ့မှာတော့ သူဖြစ်မျှော့်လင့်ထားတဲ့ဆန္ဒပြည့်ဝသွားပြီ တွဲဖက်တင်ဆက်သူဖြစ်လာပါတော့တယ် Burgundy ချစ်သော်လည်းအလိုမလိုက်နိုင်ဆိုသလို သူ့နေရာကိုအလုယူခံလိုက်ရလို့ ဒေါသမီးတောက်လောင်ပြီး ...
movie

Anchorman: The Legend of Ron Burgundy 2004

All the Bright Places (2020) 6.5
All the Bright Places (2020) All the Bright Places (2020) IMDb - 6.5/10_____Rotten - 66% (Unicode)နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်းတံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် …ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ …ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ …အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်…သူတို့နှစ်ယောက်ရဲ့ ...
movie

All the Bright Places (2020)

2020