Channel Myanmar

Lunden De'Leon

Missionary (2023)
Missionary (2023) ‘လူ’ဆိုတာ သိပ်ဆန်းကြယ်တဲ့သတ္တဝါပဲ။ လူတစ်ယောက်အကြောင်းကို ဘယ်လိုမှ အိတ်သွန်ဖာမှောက်မသိနိုင်ကြဘူး။ မိဘနဲ့သားသမီးကြားမှာရော၊ မောင်နှမအချင်းချင်းရော၊ အရင်းနှီးဆုံးသူငယ်ချင်းတွေရော၊ သိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ လင်မယားအချင်းချင်းတောင်မှ အတွင်းစိတ်ထဲထိ အမှန်အတိုင်းသိနိုင်မှသိနိုင်ပါလိမ့်မယ်။ဒီကားထဲမှာဆိုရင် လင်မယားအချင်းချင်းကြား၊ သူငယ်ချင်းကြား၊ မောင်နှမကြား ဖုံးကွယ်ထားတာတွေ လှစ်ဟာပေါ်ပေါက်လာတဲ့အခါ၊ လူတွေရဲ့စိတ်ထဲက စိတ်ရိုင်းတွေပေါ်လာတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ပါဝင်သောဇာတ်ဝင်ခန်းများကြောင့် ကလေးသူငယ်များ ကြည့်ရှုရန်မသင့်ပါ) File size…(1.3 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ngwe Zin
movie

Missionary (2023)

We’re the Millers (2013) 7.0
We’re the Millers (2013) 2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ်    File size…  1.9 GB / 884  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie

We’re the Millers (2013)

2013
Submission (2019) 7.3
Submission (2019) ISIS တွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မရိန်းတပ်သားနှစ်ယောက်ဖြစ်တဲ့ Blackbear နဲ့ Cowboy တစ်ယောက်က အကြမ်းဖက်သမားတွေ ထိုးပေးလိုက်တဲ့ဆေးကြောင့် ရောဂါရနေချိန်မှာ တစ်ယောက်က သူ တပ်ထဲမ၀င်ခင်က စွန့်လွှတ်ထားခဲ့တဲ့ လက်ဝှေ့လောကဆီကို ခြေပြန်ဆန့်တယ်။ သူ ဒီလောကထဲ ပြန်ဝင်ရတဲ့အကြောင်းရင်းက သူနဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ သူ့သူငယ်ချင်းအတွက် ဆေးကုသစားရိတ်ကို ရှာပေးဖို့အတွက် ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်တာပဲ ဖြစ်ပါတယ်။ လက်ဝှေ့ကြိုးဝိုင်းထဲကို သူ ပြန်ဝင်ရောက်လာတဲ့အချိန်မှာပဲ သူ့ရဲ့အတိတ်က ဇာတ်လမ်းဟောင်း၊ အဆက်ဟောင်းတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဇာတ်ရဲ့လှည့်ကွက်ကတော့ တစ်ရစ်ချင်း ဖြည်သွားမှာ ဖြစ်တဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေဦး။ လက်ဝှေ့လောကကို ချဉ်းကပ်ခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့အနှစ်သာရကတော့ စကားတစ်ခွန်းနဲ့တင် ပြည့်စုံပါတယ်။ "ဘ၀လို့ ကျွန်တော်တို့ခေါ်တဲ့ ခရီးရှည်ကြီးက ကျွန်တော်တို့ကို ဘယ်ဆီခေါ်ဆောင်သွားမယ် ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒီဘ၀မှာ ဘုရားကပေးတဲ့ လက်ဆောင်တွေထဲက အကောင်းဆုံးလက်ဆောင်ကတော့ 'ခင်မင်မှု' ပါပဲ။ မေတ္တာတရား နဲ့ ခင်မင်မှု ..... ဒီနှစ်ခုကို ခွဲခြားထားလို့ မရပါဘူး" ဒီဇာတ်ကားထဲမှာ မှတ်မှတ်ရရ ရှိနေမယ့် စကားလုံးတစ်လုံးကတော့ 'Semper Fidelis' ဆိုတဲ့ လက်တင်စကားပါ။ အင်္ဂလိပ်လိုတော့ 'Always Faithful' ပါ။ အမြဲတမ်း သစ္စာရှိပါ့မယ် ဆိုတဲ့ စကားက တစ်ကားလုံးရဲ့အနှစ်သာရပါ။ လက်ဝှေ့ကားကောင်းကောင်းကို ဒရာမာလေးနည်းနည်းစွက်ထားတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရုပ်ရှင်ကားကို Myo Nyunt က ဘာသာပြန်ပြီး အညွှန်းကိုယ်တိုင်ရေးပေးထားပါတယ်
movie

Submission (2019)

2019