Channel Myanmar

Lý Hồng Ân

The Soul Reaper (2023) 6.2
The Soul Reaper (2023) The Soul Reaper (2023)IMDb - 6.2/10နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ ...
movie

The Soul Reaper (2023)

2023
Listeners: The Whispering(2022) 5.2
Listeners: The Whispering(2022) Listeners: The Whispering (2022) ================================ Channel Myanmar ပရိသတ်ကြီးအတွက် Psychological drama ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ Ah Nhien ဟာ အသက် ၂၃ နှစ်အရွယ် စာရေးဆရာမ တစ်ယောက်ဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူတစ်ဦးပါ။သူဟာ The Whispering လို့ အမည်ရတဲ့ ဝတ္ထုစာအုပ်ကို ရေးသားခဲ့ပြီး စံချိန်တင်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေပြီးနောက် စိတ်ကျဝေဒနာဟာ ပိုမိုဆိုးရွားလာတာကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ သဘောတူခဲ့ပါတယ်။Ah Nhien ရဲ့ထွက်ဆိုချက်အရ အမျိုးသမီးတစ်ယောက် ခြောက်လန့်ခြင်းကို ထပ်တလဲလဲခံနေရပြီး ထိုအမျိုးသမီးဟာလည်း ထူးဆန်းစွာနဲ့ သူ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်နေတာပါ။ဆရာဝန်ဖြစ်တဲ့ Tuong Minh ဟာ အစကတော့ ဒါကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်ခဲ့သော်လည်း သူကိုယ်တိုင် ထိုအမျိုးသမီးကို အိပ်မက်ထဲမှာ မြင်လာရချိန်မှာတော့ အဖြစ်အပျက်များဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အစစ်အမှန်လား ပုံရိပ်ယောင်လား ဝေခွဲမရဖြစ်နေရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်က ဘယ်လိုအကြောင်းတရားတွေနဲ့ ပတ်သက်နေမလဲဆိုတာတော့....(အညွှန်းနဲ့ ဘာသာပြန်ဆို ရေးသားသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB ...
movie

Listeners: The Whispering(2022)

2022