Channel Myanmar

Lydia Kandou

Ganjil Genap (2023) 7.6
Ganjil Genap (2023) (function(f,b,n,j,x,e){})(); စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ....။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(810 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama,Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Ganjil Genap (2023)

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) 5.5
KKN di Desa Penari: Luwih Dowo, Luwih Medeni (2023) KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)KKN di Desa Penari က အင်ဒိုနီးရှားရုပ်ရှင်မှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ထားတဲ့ဖြစ်ရပ်မှန် horror ဇာတ်ကားပါ။ဒီဇာတ်လမ်းစပေါ်လာပုံကလဲထူးဆန်းပါတယ်။ တွစ်တာမှာ Simpleman ဆိုတဲ့အကောင့်ကနေ ဒီဇာတ်လမ်းကိုစတင်ရေသားခဲ့တာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး လူတွေစိတ်ဝင်စားမှုများလာလို့ရုပ်ရှင်ရိုက်ကူးတဲ့ထိပါ ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းကတော့ ကျောင်းသား၆ ယောက်အကြောင်းပါ။ သူတို့က ရွာတစ်ရွာမှာ ရပ်ရွာဝန်ဆောင်မှုပရောဂျက်ကိုသွားလုပ်ခဲ့ပါတယ်။ သူတို့အတွက်ဒီပရောဂျက်အောင်မြင်ပြီးမှပဲဘွဲ့ရမှာပါ။ ဒီရွာနာမည်နဲ့တည်နေရာကိုတော့ ချန်လှပ်ပြသထားပါတယ်။ ဒီရွာရောက်ရောက်ချင်းမှာပဲ ရွာသူကြီးကသူတို့ကို ဆောင်ရန်ရှောင်ရန်တွေညွှန်ကြားပေမယ့် သူကလဲသိပ်တော့မပွင့်လင်းခဲ့ပါဘူး။ ကျောင်းသားတွေကလဲ သူများအကျိုးဆောင်ဖို့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကျိုးတွေဆန္ဒတွေကိုရှေ့တန်းတင်ပြီး မဖောက်သင့်တဲ့စည်းတွေကိုဖောက်မိတဲ့အခါ ဘာတွေဖြစ်ကြမလဲကြည့်ရှုရမှာပါ။ မြန်မာမှာလဲလူကြီးတွေပြောတာကြားဖူးတဲ့ ကျတ်ရွာတို့ အစောင့်လဲတယ်တို့ အစောင့်အရှောက်ရှိတယ်တို့ ဆိုတဲ့အကြောင်းအရာတွေကို ကြားဖူးနားဝကနေ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်လာတဲ့အထိ ကြက်သီးတဖျင်းဖျင်းနဲ့ကြည့်ရမယ့်ကားပါပဲ။ ဇာတ်ကားရဲ့ခေါ်ဆောင်မှုကဘယ်လောက်အားကောင်းလဲဆိုရင် အပြင်မှာလူတွေက ဒီရွာကိိုလိုက်ရှာကြ ဒီကြုံခဲ့ရတဲ့လူတွေကိုလိုက်ရှာကြတဲ့အထိဖြစ်ခဲ့လောက်အောင်ပါပဲ။ (မူရင်း KKN di Desa Penari ကိုလဲ CM မှာတင်ဆက်ပေးထားပြီးသားပါ။)ဒီဇာတ်လမ်းကဘာကွာသွားလဲဆိုရင် Luwih Dowo Luwih Medeni ဆိုတာက ...
movie

KKN di Desa Penari: Luwih Dowo, Luwih Medeni (2023)

2023