Channel Myanmar

Lynda Gravatt

Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
Violet & Daisy (2011) 6.0
Violet & Daisy (2011)  Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူကကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကိုသတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကိုလက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Violet & Daisy (2011)

The Bounty Hunter(2010) 5.7
The Bounty Hunter(2010)  ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ...
movie

The Bounty Hunter(2010)