Channel Myanmar

Lynn Whitfield

Jaws: The Revenge (1987)
Jaws: The Revenge (1987) Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ...
movie

Jaws: The Revenge (1987)

The Retirement Plan (2023) 5.2
The Retirement Plan (2023) The Retirement Plan (2023)~ Rotten Tomatoes - 60% ~မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို "Hellboy" ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ...
movie

The Retirement Plan (2023)

2023
Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)

Vacation Friends (2021) 6.2
Vacation Friends (2021) Vacation Friends(2021) ================== IMDb Rating. - 6/10တစ်ခါတုန်းက ဆော့ခရိတ္တိအိမ်ကို လူတစ်ယောက်ရောက်လာခဲ့တယ် တွေးခေါ်ပညာရှင်ကြီး ဆော့ခရိတ္တိက လူသာနာမည်ကြီးတာ အိမ်က‌တော့ ကျဉ်းကျဉ်းသေးသေးလေး။အဲ့ဒီတော့ ရောက်လာတဲ့သူက ပြောတယ်။"တွေးခေါ်ပညာရှင်ကြီးလုပ်နေပြီး ခင်ဗျားအိမ်ကျကျဉ်းလှချေလားဗျာ"တဲ့။ဆော့ခရိတ္တိကတော့ "ကျုပ်အိမ်ကကျဉ်းပေမဲ့ မိတ်ကောင်းဆွေကောင်းတွေလာရင်တော့ နေဖို့လောက်ပါတယ်"လို့ဖြေလိုက်တယ်။မိတ်ကောင်းဆွေကောင်းဆိုတာ လောကမှာ တကယ့်ကိုရှားတယ်ဆိုတဲ့ သဘောပေါ့။ အဲ့ဒီလိုရှားတဲ့ ထဲမှာမှ အရစ္စတိုတယ်က ပြောထားသေးတယ်။အားလုံးရဲ့ မိတ်ဆွေဟာ ဘယ်သူ့ရဲ့ မိတ်ဆွေမှမဟုတ်ဘူးတဲ့။ဆိုတော့ကာ မိတ်ဆွေကောင်းလည်းဖြစ် ကိုယ့်ကိုအခင်ဆုံး ဖြစ်နေမယ့် မိတ်ဆွေလည်း ဖြစ်မယ့်သူဆိုတာ တော်တော့်ကိုရှားပါတယ်။ရလိုက်ရင်တော့ ခင်ဗျား ကံကောင်းပြီပေါ့။ ဒီရုပ်ရှင်ဟာ အဲ့ဒီလို မိတ်ကောင်းဆွေကောင်း တစ်ယောက်ကိုရလိုက်တဲ့ ကံကောင်းခဲ့တဲ့ သူတစ်ယောက်အကြောင်းပါပဲ။ ဟာသကားပေမဲ့ သူရဲ့ Main Concept ဖြစ်တဲ့ မိတ်ဆွေကောင်း တစ်ယောက်ရလိုက်ခြင်း အကြောင်းဟာ အားကျစရာ ကြည်နူးစရာကောင်းနေတော့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်လို့ဆိုရမှာပါပဲ။ R Rateဟာသတွေထည့်ထားတဲ့ကားဆိုတော့ ဆဲတာဆိုတာ နည်းနည်းတော့ပါပါတယ်။ ဂျွန်ဆီနာကို ဗီလိန်အနေနဲ့ ဒီတစ်နှစ်ထဲ နှစ်ကားမြင်ခဲ့ပြီးပြီဆိုတော့ ဒီရုပ်ရှင်ထဲက မိတ်ဆွေကောင်းပီသတဲ့ ဂျွန်ဆီနာရဲ့ ချစ်စရာကောင်းတဲ့ ...
movie

Vacation Friends (2021)

2021