Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ma Shuai
5.1
The Headless General Who Stole the Book of Heaven (2023)
ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီး ချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့ မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကို အပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာ ရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကို ကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်း ရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီး ဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။ "ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်"ဆိုတဲ့ ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။ အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား...... ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, ...
movie
The Headless General Who Stole the Book of Heaven (2023)
5.9
The Legend Of Aquawitch ( 2022 )
ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ် ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေချာပါပဲရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......,ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ..., ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ် တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက် အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့ စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့် ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက် အမိန့်ပေးခြင်းခံရပါတယ်အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....?❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ ❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား ❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , 480p Format : mp4 Genres : Mystery Runtime : 1h 24 min Subtitle ...
movie
The Legend Of Aquawitch ( 2022 )