Channel Myanmar

Macaulay Culkin

Entergalactic (2022) 7.3
Entergalactic (2022) Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie

Entergalactic (2022)

2022
The Pagemaster (1994) 6.1
The Pagemaster (1994) ကဲ... ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ပျော်စရာလည်းကောင်းမယ်။ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူးအရမ်းကောင်းတယ် ကြည့်... ဒါပဲ...  ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီးကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်းသံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီးကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....  File size…  2.3 GB /  615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre .....  Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va
movie

The Pagemaster (1994)

1994
The Good Son (1993) 6.4
The Good Son (1993) The Good Son (1993)IMDb Rating (6.4)Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးက ........ -Spoiler Alert-............... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့  ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ ...
movie

The Good Son (1993)

My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
Changeland (2019) 5.6
Changeland (2019) ဒီဇာတ်လမ်းလေးကတော့ ဘရန်ဒန်တစ်ယောက် မိန်းမယူပီး ၂နှစ်ကြာတော့ မိန်းမကဖောက်ပြန်နေတယ်သိလာခဲ့တယ်... မိန်းမကိုလည်းခံစားရတာတွေမပြောချင် စိတ်ထဲမှာလည်း မွန်းကြပ်လာတာနဲ့ Anniversary နေ့ကြီးမှာ မိန်းမကိုမပြောပဲ ထိုင်းကိုအပျော်ခရီး ခိုးထွက်လာရာက သူငယ်ချင်း လူပျိုကြီး ဒန်နဲ့တွေ့ပီး နှစ်ယောက်သား ကဲကြတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပုံစံလေးပါပဲ။ ဒီဇာတ်လမ်းမှာ ထိုင်းနိုင်ငံရဲ့ tour အပန်းဖြေနေရာတွေရဲ့ အလှအပတွေနဲ့ သူငယ်ချင်းတွေ ခရီးထွက်ရင် ပျော်စရာအလွဲတွေကိုလည်း ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဘရန်ဒန်နဲ့ဒန်တို့ ဘယ်လိုအလွဲတွေလုပ်ပီး ဘယ်လိုပျော်ကြမလဲဆိုတာတော့ ဇာတ်ကားလေးကိုပဲ ဆက်ကြည့်လိုက်ရအောင်..... ဇတ်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ May Thu Kyaw ဖြစ်ပါတယ်။
movie

Changeland (2019)

2019