Channel Myanmar

Mackenzie Aladjem

The Lincoln Lawyer(2011) 7.3
The Lincoln Lawyer(2011)  The Lincoln Lawyer (2011) အညွှန်း**********************************IMDb   .... 7.3,,,,RT..... 73%(အလန်းစားနင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH လေးပါပြုလုပ်ပေးထားပါတယ်...)"ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်...ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀ အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်" ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ....ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကိုရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်...သူကဘိန်းရာဇာလိုကောင်တွေနဲ့တောင်အလုပ်လုပ်တဲ့သူ...သူ့မှာသိပ်တော်တဲ့အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလိုနယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်...ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ...ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ... လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်...အဲ့ဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ....ဒီကားက မင်းသားကြီး  Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား...ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်..ဇာတ်လမ်းက အရမ်းမိုက်သလိုအစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်....လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့ကြည့်ကြပါလို့ညွှန်းလိုက်မယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File Size :(2.17GB)(855 MB) and (377 MB) Quality ...
movie

The Lincoln Lawyer(2011)