Channel Myanmar

Maclean Fish

Dark Harvest (2023) 5.4
Dark Harvest (2023) ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ... File size…   4.97 GB / 1.53 GB /  644 MB Quality… Web-Dl  4k /1080p / 720p Format… mp4 Duration…. 1h ...
movie

Dark Harvest (2023)

4K HEVC
All Fun and Games (2023)
All Fun and Games (2023)  2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီအရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။​အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့လိုက်သတ်ပါတော့တယ်။ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်းလူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။​ ဒီကားထဲမှာ မားကတ်ဆိုတဲ့အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲကမင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။​သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်... File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

All Fun and Games (2023)