Channel Myanmar

Macon McCalman

The Client(1994) 7.0
The Client(1994) The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie

The Client(1994)

Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

A Walk in the Clouds (1995) 6.7
A Walk in the Clouds (1995) [Unicode]action မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်...ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ..1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ...
movie

A Walk in the Clouds (1995)