Channel Myanmar

Madison Lawlor

Wait With Me (2023) 5.7
Wait With Me (2023) Wait With Me (2023)ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Wait With Me (2023)

2023
Close Range(2015) 5.7
Close Range(2015) Close Range (2015)=================အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသားScott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာမင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီးဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်းသူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းကရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးကအမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံးအရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင်ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရောအကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ.....မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ...အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay ...
movie

Close Range(2015)