Channel Myanmar

Madison Walsh

Dark Nature (2022)
Dark Nature (2022) ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ...
movie

Dark Nature (2022)

Don’t Say Its Name (2021) 5.2
Don’t Say Its Name (2021) Horror ကားမှဆိုသူ‌တွေအတွက် ကနေဒါ Horror လေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ကနေဒါရဲ့မြို့ငယ်လေးတစ်မြို့မှာ ဆိုးရွားတဲ့ကားအက်စီးဒင့်တစ်ခုဖြစ်ခဲ့ပါတယ်၊ အက်ဆီးဒင့်ဆိုပေမဲ့ ကြိုတင်ကြံစည်မှုပုံစံမျိုးဖြစ်နေတော့ ဒေသရဲမှူးနဲ့ ရဲတွေက လိုက်စုံစမ်းရတော့ပါတယ်။ဒီလို ကားအက်ဆီးဒင့်ဖြစ်ပြီးမကြာခင်မှာပဲ မြို့ငယ်လေးထဲမှာ ထူးဆန်းတဲ့လူသေမှုတွေပေါ်လာပါတော့တယ်၊ သတ်တဲ့သူကိုမမြင်ရပဲ သေသေသွားတဲ့ လူသတ်မှုတွေဆက်တိုက်ဆိုသလိုဖြစ်နေ‌တော့ ရဲမှူးတို့ခေါင်းခဲရပါပြီ။မကျွတ်လွတ်သေးတဲ့ ဝိဉာဉ်ကြောင့်လို့လည်း လူပြောများလာပြီး ဖြစ်ရပ်တွေကလည်းတကယ်ပဲ ယုံလိုက်ချင်စရာကောင်းနေပါပြီ။ဒါကိုပဲ ရဲမှူးနဲ့ သူ့သူငယ်ချင်းတို့က မမြင်ရတဲ့ရန်သူကို ရှာဖွေရင်း အမှုလိုက်ကြရမှာဖြစ်လို့ ဘယ်ချိန်ထွက်မလာမလဲကတော့ ရင်တထိတ်ထိတ်ပါပဲ။ဇာတ်လမ်းအစကနေအဆုံးထိအချိတ်အဆက်ကောင်းတဲ့ဇာတ်ကားတစ်ကားပါ၊ ဇာတ်ကောင်တစ်ယောက်ချင်းဆီကိုလည်း အရေးပါအောင်အသက်သွင်းထားသေးပါတယ်။သရဲကရော ဘယ်လိုမျိုးလဲ၊ ဘာဖြစ်လို့ သူ့နာမည်ကိုမခေါ်နဲ့ဆိုပြီးနာမည်ပေးထားတာလဲကတော့ ကြောက်ကြောက်နဲ့ပဲအဖြေရှာလိုက်ကြပါဦး။ File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy
movie

Don’t Say Its Name (2021)