Channel Myanmar

Maeve Quinlan

The Paramedic Who Stalked Me (2023) 5.0
The Paramedic Who Stalked Me (2023) The Paramedic Who Stalked Me (2023) =============================ကလိုဝီဆိုတဲ့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူ ကောင်မလေးဟာ မိဘတွေ ကွဲပြဲနေတဲ့ကိစ္စရော မိခင်က အမြဲတမ်း နားပူနားဆာလုပ် တင်းကြပ်နေတာရောကြောင့် သူငယ်ချင်းဖြစ်သူ ချစ်သူဖြစ်သူ ဘရိုက်စ်တို့နဲ့ ညသန်းခေါင် ခိုးထွက်ပြီး လည်ပတ်ကြရာမှာ တစ်ဖက်က အရက်မူးပြီး ကားမောင်းလာတဲ့ လူတစ်ယောက်ရဲ့ ထရပ်ကားနဲ့ တိုက်မိ ကြပါတယ်။ မောင်းတဲ့လူသေကာ ကျန်တဲ့လူတွေ ဒဏ်ရာ ရခဲ့ကြပါတယ်ပေါ့။ဒီအချိန်မှာ ကလိုဝီကို လာကယ်ပေးတဲ့ ဆေးဖက်အကူ မတ် ဆိုတဲ့လူဟာ ဘာကြောင့်ရယ်မသိ ကလိုဝီကို စွဲလမ်းသွားပါ တော့တယ်။ သူ စွဲလမ်းသွားတာဟာ ရိုမန်တစ်ဆန်ဆန် ဖြစ် မနေပဲ ချောင်းမြောင်းနေတာမျိုး ဖြစ်နေတဲ့အခါ၊ အစကတော့ ကလိုဝီအနေနဲ့ မိခင်က ဒီယောက်ျားဟာ မရိုးဘူးပြောတာကို နားမထောင်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူကိုယ်တိုင်လည်း သံသယ ရှိလာပြီး ဘာလို့ စွဲလမ်းနေရသလဲ ဘာတွေဆက်ဖြစ်မယ်ဆို တာကို ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Thura Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thura Aung, Khant Sett Naing တို့ ဖြစ်ပါတယ်)File ...
movie

The Paramedic Who Stalked Me (2023)

2023
A Job to Die For (2022)
A Job to Die For (2022)  ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ်ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ်ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ... File size…(1.4 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

A Job to Die For (2022)

Sound of My Voice (2011) 6.6
Sound of My Voice (2011) Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်က​တော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Sound of My Voice (2011)

Beware the Night Nurse (2023)
Beware the Night Nurse (2023)  ကလဲရာနဲ့ ဇက်ခ်တို့ဇနီးမောင်နှံက ကလေးမရနိုင်လို့ ကလေးရဖို့ကြိုးစားနေရာကနေ နောက်ဆုံးသားလေးရလာပါတယ်။ ကလဲရာက ကိုယ်ဝန်မဆောင်နိုင်တာမို့ သားလေးကို အရမ်းရင်းနှီးရတဲ့ လစ်ဇ်က ကူညီပြီး အငှားကိုယ်ဝန်ဆောင်ပေးပြီး ခက်ခက်ခဲခဲရအောင်ယူထားရတာပါ။ သားလေးရလာပြီးနောက် မိသားစုလေးတစ်ခုဖြစ်လာပြီး ပျော်ရွှင်ရမယ့်အချိန်မှာ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရမလဲ။ ကြုံတွေ့ရမယ့် အနှောက်အယှက်တွေကကော လစ်ဇ်နဲ့ ဘယ်လိုဆက်စပ်နေလဲ။ အိမ်ကို ရုတ်တရက်ရောက်လာတဲ့ ယောက္ခမကြီးနဲ့ရော ဘယ်လိုပြသနာတွေကြုံတွေ့ရမလဲ။ မိန်းမနဲ့အမေကြားက ပြသနာတွေကို ဇက်ခ်ကကော ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ စိတ်ဝင်စားစရာကောင်းပြီး မိသားစုကြားက ပဋိပက္ခတွေ နဲ့ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကို မြင်အောင်ပြထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေနဲ့မို့ ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(1.4 GB)/(666 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ls.Ko
movie

Beware the Night Nurse (2023)

[21+] Ken Park (2002) 5.8
[21+] Ken Park (2002) Ken Park (2002)ဒီကားက တော်တော်ထူးခြားတဲ့ကားလို့ပြောရမယ်။ ဘာလို့ဆို ဒီကားနာမည်ကို ကန်ပတ်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရဲ့နာမည်ကိုပေးထားတယ်။ ဒါပေမဲ့ အဲဒီကောင်လေးရဲ့အကြောင်းကို အစနဲ့အဆုံးမှာပဲ ပြောသွားပြီး တစ်ကားလုံး သူတို့သူငယ်ချင်းတွေတစ်ယောက်ချင်းစီအကြောင်းကို Coming of Age ဆန်ဆန်ပြထားတယ်။ ဒီလိုပြထားတာတွေကလည်း လိင်ကိစ္စတွေကို အဓိကအသားပေးပြထားတဲ့အပြင် ကလေးတွေဖြစ်တတ်တဲ့ ခပ်ကြောင်ကြောင်ကိစ္စတွေလည်း မနည်းမနောပြထားတယ်။ ဒါပေမဲ့ အခန်းအများစုကတော့ ဒီက ယဉ်ကျေးမှုနဲ့ မလျော်ညီသလို အင်္ဂါဇာတ်တွေကိုလည်း ကွက်ကွက်ကွင်းကွင်းကိုပြတတ်တာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ဘူး။ဒါပေမဲ့လည်း ဒီကားဟာ သာမန်၂၁ကားမဟုတ်ဘဲ ထူးထူးခြားခြားနဲ့ကို ကြည့်ကောင်းနေတဲ့ ဇာတ်အိမ်လေးနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ဆိုတာကတော့ အမှန်ပါပဲ။ ဇာတ်ကလည်းထူးခြား အခန်းတွေကလည်း ကြမ်းပေ့ဆိုတာတွေမှ ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 680MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie

[21+] Ken Park (2002)

2002