Channel Myanmar

Maggie Cassella

Bad Behind Bars: Jodi Arias(2023) 6.0
Bad Behind Bars: Jodi Arias(2023)   မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ...
movie

Bad Behind Bars: Jodi Arias(2023)