Channel Myanmar

Maggie McCarthy

Leap Year (2010) 6.4
Leap Year (2010) သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie

Leap Year (2010)

Cassandra’s Dream (2007) 6.6
Cassandra’s Dream (2007)   တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Cassandra’s Dream (2007)

Attack the Block (2011) 6.7
Attack the Block (2011)  ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie

Attack the Block (2011)

What Dreams May Come (1998) 6.9
What Dreams May Come (1998) ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ...
movie

What Dreams May Come (1998)

See How They Run (2022) 6.6
See How They Run (2022) ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie

See How They Run (2022)

Ghost Stories (2017) 6.8
Ghost Stories (2017) သရဲပုံပြင်လေးတွေနားထောင်လိုက်ရအောင်ဗျာ။Andy Nyman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Martin Freeman လည်းအားဖြည့်ထားပါတယ်။IMDB Rating 6.7 နဲ့ Rotten tomatoes 82% ရရှိထားတဲ့ Horror,Drama ကားလေးပါ။ကြောက်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ကိုယ့်ဘဝအတွက်ကိုယ် အပြန်အပြန်အလှန်လှန် မေးခွန်းထုတ်စရာ မေးခွန်းတွေလည်းအများကြီးပါပါတယ်။ကိုယ်ဘာတွေလိုချင်တာလဲ။ဘာတွေဖြစ်ချင်တာလဲ။ဘာတွေလုပ်နေတာလဲ။ထိုက်တန်ရဲ့လား။ဘယ်နေရာတွေကပုန်းကွယ် ထွက်ပြေးနေမိလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းတွေထုတ်ချင်လာမှာသေချာပါတယ်။အဓိပ္ပါယ်ရှိသလို Horror ကားပီပီသသကြောက်ရလန့်ရအောင် တင်ဆက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သဘာဝလွန်ဖြစ်ရပ်အတုတွေကိုဖော်ထုတ်နေတဲ့ Professor Goodman တစ်ယောက်သူရဲ့ Idol တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာထူးဆန်းစွာပျောက်သွားတဲ့ Professor Cameron ဆီက အဆက်အသွယ်ရပြီး သဘာဝလွန်ဖြစ်ရပ် ၃ခုကို အတုလားအစစ်လားဆိုတာ ဖော်ထုတ်ရင်း နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေက အစစ်အမှန်တွေလား အတုတွေလားဆိုတာ ကြည့်ရမှာပါ။နောက်ဆုံးပိုင်းမှာ မမျှော်လင့်ထားတဲ့ပုံစံနဲ့ ထူးထူးဆန်းဆန်းဇာတ်သိမ်းထားတာကိုလည်းတွေ့ရမှာပါ။ဒီကားမှာ ကြောက်ရမှာတွေ တွေးရမှာတွေအများကြီးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time ...
movie

Ghost Stories (2017)

2017