Channel Myanmar

Mahmut Suvakci

Easy Money (2010) 6.7
Easy Money (2010) Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့.....  File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money (2010)

Johan Falk: Blood Diamonds (2015) 7.0
Johan Falk: Blood Diamonds (2015)  Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre...Action, Crime, Thriller Subtitle….Myanmar ...
movie

Johan Falk: Blood Diamonds (2015)

Britt-Marie Was Here (2019) 7.3
Britt-Marie Was Here (2019) ဒီဇာတ်လမ်းလေးကတော့ Drama/ Sport အမျိုးအစားလေးဖြစ်ပြီး IMDb 5.1ရထားပါတယ်. အားကစားကိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ ကြိုက်မယ့် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ အသက် ၆၃နှစ်အရွယ် ဘရစ်မယ်ရီဟာ အိမ်မှုကိစ္စဆို သိပ်ကိုနိုင်နင်းပြီး ယောကျာ်းကို မှီခိုနေထိုင်ရတဲ့ မိန်းမတစ်ဦးပါ. နှစ်လေးဆယ်ကျော် ငြိမ်းချမ်းနေခဲ့တဲ့ သူမဘဝဟာ တနေ့မှာတော့ ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့ရပါတယ်. အဲ့ဒါကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ကန့်ဟာ နောက်အိမ်ထောင်ရှိနေလို့ပါပဲ. သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ သစ္စာမဲ့မှုကို စိတ်နာပြီး ကွာရှင်းဖို့ ဆုံးဖြတ်ကာ အလုပ်တစ်ခု ရှာခဲ့ပါတယ်.ဒီဇာတ်လမ်းရဲ့ အဓိကသော့ချက်ကလဲ ဒီအလုပ်ပါပဲ. လူမှုဖူလုံရေးမှာ အလုပ်သွားရှာရင်းနဲ့ သူမရဲ့ အသက်အရွယ်ကြောင့် အလုပ်က ရှာရခက်နေပေမယ့် သူမနဲ့ ကိုက်ညီမယ့် အလုပ်လေးတစ်ခုကို ရရှိခဲ့ပါတယ်. အဲ့ဒါကတော့ လူငယ်အကြံပေးအဖြစ် ဘော့ဂျ်မြို့ရဲ့ ကလေး ဘောလုံးအသင်းကို နည်းပြလုပ်ရမယ့် အလုပ်ပါပဲ. သူမကလဲ အလုပ်လိုနေတာကြောင့် ရရင်ပြီးရော လုပ်ခဲ့ပေမယ့် ဘောလုံးအကြောင်း နကန်းတစ်လုံးမှ နားမလည်ပါဘူး. ဒါပေမယ့် သူနည်းပြရမယ့် ကလေးတွေရဲ့ ဘဝကို တဖြည်းဖြည်း နားလည်လာပြီး သံယောဇဉ်ဖြစ်ကာ အကောင်းဆုံးကြိုးစားရင်း ဘဝကို ရုန်းကန်သွားတာတွေ စိတ်ဓာတ်ခွန်အားတွေကို ချပြထားတယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ.positive thinkingတွေ အများကြီးနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ Sport typeဇာတ်လမ်းဖြစ်တာကြောင့် စိတ်ညစ်နေတဲ့လူ တွေ၊ ဘဝကို စိတ်ကုန်နေတဲ့လူတွေ ...
movie

Britt-Marie Was Here (2019)

2019