Channel Myanmar

Mai Fukagawa

The Parades (2024) 6.7
The Parades (2024) The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie

The Parades (2024)

2024
Just Only Love (2018) 6.5
Just Only Love (2018) Just Only Love (2019)"အချစ်ဆိုတာ ဘာလဲ"သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား သူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားပေးဆပ်ခြင်းက အချစ်လား ပိုင်ဆိုင်ရမှ အချစ်လား။ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်အညွှန်းနဲ့ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Aaron
movie

Just Only Love (2018)

2018
Haw (2022) 6.2
Haw (2022) Haw (2022) (အညွှန်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Haw (2022)

2022