Channel Myanmar

Mai Shiraishi

Zom 100: Bucket List of the Dead
Zom 100: Bucket List of the Dead Zom 100: Bucket List of the Dead (2023)ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။ ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။- တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား - ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား - အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား - ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား - ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီ‌တွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါတန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီး အလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။ သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလား မပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော်(ဒီကားက Manga ရော Anime ရော ထွက်နေဆဲဖြစ်ပြီး နိုင်ငံတကာမှာလည်း ပရိသတ်တွေများတဲ့ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှူသင့်တဲ့ကားလေးပဲဖြစ်ပါတယ်)အညွှန်း နဲ့ ဘာသာပြန်ကာတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Action Quality…. 1080p | 720p File ...
movie

Zom 100: Bucket List of the Dead

Usogui (2022) 6.3
Usogui (2022) Usogui (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အသက်ကိုလောင်းကြေးထပ်မယ့် ကစားပွဲတွေအကြောင်း ရင်ခုန်အောင် ရိုက်ကူးပေးထားတဲ့ ဂျပန်ကားလေး Usogui (မုသားစားသုံးသူ) ပါပဲကာကဲရိုကလပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု... လောင်းချင်တိုင်းလောင်းပြီး ထွက်ပြေးချင်တဲ့သူတွေ လစ်လို့မရအောင် လိုအပ်ရင် လူပါသတ်တယ်မင်းသား မာဒါရာမဲ ဘာကူဟာ တခြားသူတွေရဲ့ မုသားတွေ လှည့်ဖျားမှုတွေကို ကျွမ်းကျင်ပါးနပ်စွာ ဖော်ထုတ်နိုင်သူ... သူဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ရရှိဖို့ အသက်ကိုပါ ပုံအောပြီး လောင်းကြေးတင်ခဲ့ပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုမှာ ကျရှုံးရင်း အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ခေါင်းဆောင်ဟာ သူ့ကို အသင်းဝင်အဖြစ်ကနေ ပယ်ထုတ်ပြီး နှင်ဒဏ် ပေးခဲ့တယ်အချိန်အတိုင်းအတာ တစ်ခုအကြာမှာတော့ ဒီအဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ဆိုသူ ပေါ်ပေါက်လာတယ် ဘာကူဟာလည်း ခေါင်းဆောင်ကိုထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာတဲ့အခါ မောင်ကံကောင်းလေး ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ် သူတို့၂ဦးရယ် ဆာဒါကူနီရယ် ကာကဲရိုကလပ်တို့ဟာ ဘယ်ပုံဘယ်နည်း ဆက်နွှယ်နေမလဲ ...
movie

Usogui (2022)