Channel Myanmar

Maisa Silva

Double Dad (2021) 5.5
Double Dad (2021) Double Dad(2021)မိဘမစုံမလင်နဲ့ ကြီးပြင်းလာရတဲ့ ကလေးလေးတစ်ယောက်ရဲ့ အလိုအပ်ဆုံးအရာဟာ ဘာဖြစ်နိုင်မလဲ? ငွေကြေးချမ်းသာမှုလား ချစ်ခြင်းမေတ္တာလား????? ဒါမှမဟုတ် ပြီးပြည့်စုံတဲ့မိသားစုဘဝလား?????အမေတစ်ခု သမီးတစ်ခု ဘဝနဲ့နေလာခဲ့ရတဲ့ ဗီဇင်ဆာဟာ သူ့အဖေကိုတွေ့ရဖို့အတွက် ၁၈နှစ်လုံးလုံးမျှော်လင့်ခဲ့ရပါတယ်။ အမေဖြစ်သူကိုမေးပေမယ့် တွေ့ဖို့အချိန်မတန်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ခဏခဏ အငြင်းခံရပြီးတဲ့နောက်မှာတော့ ကိုယ်တိုင် အဖေရှာပုံတော်ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ကျင့်စဥ်တွေလိုက်စားတတ်တဲ့အမေဟာ ဘာသာရေးကိစ္စနဲ့ အိန္ဒိယကိုသွားဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ဗီဇင်ဆာတစ်ယောက် အဖေရှာပုံတော်ဖွင့်ဖို့အခွင့်အရေးရရှိလာပါတော့တယ်။အဖေရှိရာမြို့ဆီ ခြေဆန့်လို့ ရှာဖွေရင်းကနေ အဖေဖြစ်နိုင်ခြေရှိတဲ့သူဟာ တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်ဖြစ်နေတဲ့အခါ ဗီဇင်ဆာတစ်ယောက် အဖေရင်းကိုရှာဖွေတွေ့နိုင်ပါ့မလား။အမေကရော ဘာဖြစ်လို့ အဖေရင်းအကြောင်းကို မပြောပြချင်ရတာလဲ? သူမရဲ့အဖေတွေကရော သူမကိုသမီးအဖြစ်လက်ခံနိုင်ပါ့မလားဆိုတာကို ရှုခင်းကောင်းကောင်း နောက်ခံတေးသွားလှလှလေးတွေနဲ့ ပြီးသွားလို့ပြီးသွားမှန်းမသိလောက်အောင် မျောပါသွားတဲ့အထိ တင်ဆက်ထားတဲ့ ပေါ်တူဂီဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ကြည့်ဖို့ ညွှန်းပါ​ရစေ။File size… 1.48GB and 677MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hazel Encoder ..... August
movie

Double Dad (2021)

2021
She Said, He Said (2019) 7.8
She Said, He Said (2019) ဒီဇာတ်လမ်းလေးကတော့ "လီယို" နဲ့ "ရိုဆာ" ဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးနှစ်ယောက်ရဲ့ ပေါ်တူဂီကျောင်းသားအချစ်ဇာတ်လမ်းလေးပါ လီယိုနဲ့ ရိုဆာနှစ်ယောက်လုံးက ဒီနှစ်ကိုးတန်းနှစ်မှ ကျောင်းပြောင်းလာကြတဲ့ ကျောင်းသားသစ်နဲ့ ကျောင်းသူသစ်ပေမဲ့ နှစ်ယောက်သားကဆန့်ကျင်ဘက် ရိုဆာကတော့ ပထမဆုံးရက်မှာ သူငယ်ချင်းမရှိပဲ ကိုယ်ပျောက်လူသားလိုသူ့ကိုယ်သူခံစားနေရလို့ ဒီ​ကျောင်းကိုရွေးမိတာမှားပြီလားဆိုပြီး စိတ်ဓာတ်ကျသွားတဲ့ကောင်မလေး လီယိုကတော့ ဘယ်သူနဲ့မှတောင်မသိသေးဘူး အတန်းထဲစဝင်လာတာနဲ့ အတန်းသားအားလုံးကိုသဘောကျပြီး ဒီကျောင်းကိုအရမ်းကြိုက်သွားပြီဆိုပြီး ပျော်နေတဲ့ကောင်လေး ဒီလိုနဲ့ လီယိုနဲ့ရိုဆာတို့ အတန်းထဲမှာ ရှေ့ဆင့်နောက်ဆင့်ထိုင်မိပြီး လီယိုကရိုဆာ့ကိုအရင်ဆုံးမိတ်ဖွဲ့လိုက်တဲ့အခါ လီယိုတစ်ယောက် ရို​ဆာ့ရဲ့ပထမဦးဆုံးသူငယ်ချင်းဖြစ်လာပါတော့တယ် She said, He said ဆိုတဲ့အတိုင်း ရိုဆာနဲ့လီယိုတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အချိန်မှာ ထုတ်မပြောဖြစ်တဲ့ စိတ်ထဲကခံစားချက်လေးတွေ၊ နောက်ပိုင်းမှာ သူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်ကြပုံတွေ၊ ကျောင်းသားဇာတ်လမ်းဆိုတဲ့အတိုင်း ဆယ်ကျော်သက်လူငယ်ကျောင်းသားလေးတွေကြားက ချစ်စရာသံယောဇဥ်လေးတွေကို ကြည့်ရှုကြရမှာဖြစ်လို့ ပေါ့ပေါ့ပါးပါးကျောင်းသားဇာတ်လမ်းကြိုက်သူတို့အတွက်တော့ ဇာတ်​လမ်းကောင်းတစ်ပုဒ်ဖြစ်မှာပါ   File Size -  838 mb Quality - web-dl 1080p Subtitle -  burmese Translator - MTA Encoder - Thit San Khant
movie

She Said, He Said (2019)

2019