Channel Myanmar

Maja Milkovich

Distorted (2018) 4.2
Distorted (2018) ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလားသူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
movie

Distorted (2018)

2018