Channel Myanmar

Malcolm Sinclair

The Young Victoria (2009) 7.2
The Young Victoria (2009) IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie

The Young Victoria (2009)

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1
[James Bond] Casino Royale (2006) 8.0
[James Bond] Casino Royale (2006) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ဒီဇာတ်ကားက ဂျိမ်းဘွန်းမင်းသားသစ်အဖြစ် Daniel Craig ကိုစတင်အသက်သွင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားလာတာက ယခင် ဂျိမ်းဘွန်းကာရိုက်တာတွေနဲ့ မတူတော့ဘဲ တမူထူးခြားတဲ့ ကာရိုက်တာကိုအသက်သွင်းလာတာတွေ့ရပါတယ်။ယခင်ကလို တိုက်တိုင်းအောင် ပုံစံမျိုးမဟုတ်တော့ဘဲလက်တွေ့ပုံစံဆန်လာပြီးခပ်ကြမ်းကြမ်းနဲ့ မိုးဆုံးမြေဆုံး လိုက်လံချေမှုန်းတတ်တဲ့ အေးဂျင့်တစ်ယောက်အဖြစ် 007 ပုံစံကို ပြောင်းလာပါတယ်။ ဒီဇာတ်ကားကတော့ IMDb Rating(8/10) နဲ့ Rotten Tomatoes (95%) ထိရရှိထားပါတယ်။  File size…(1.9 GB) and (1 ...
movie

[James Bond] Casino Royale (2006)

HEVC 1080p 5.1