Channel Myanmar

Malena Cunningham Anderson

The Exorcist: Believer(2023) 6.7
The Exorcist: Believer(2023) The Exorcist: Believer(2023)************************* ဇာတ်လမ်းအကျဉ်းဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီးဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ....ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ...
movie

The Exorcist: Believer(2023)

4K HEVC
Beware the Night Nurse (2023)
Beware the Night Nurse (2023)  ကလဲရာနဲ့ ဇက်ခ်တို့ဇနီးမောင်နှံက ကလေးမရနိုင်လို့ ကလေးရဖို့ကြိုးစားနေရာကနေ နောက်ဆုံးသားလေးရလာပါတယ်။ ကလဲရာက ကိုယ်ဝန်မဆောင်နိုင်တာမို့ သားလေးကို အရမ်းရင်းနှီးရတဲ့ လစ်ဇ်က ကူညီပြီး အငှားကိုယ်ဝန်ဆောင်ပေးပြီး ခက်ခက်ခဲခဲရအောင်ယူထားရတာပါ။ သားလေးရလာပြီးနောက် မိသားစုလေးတစ်ခုဖြစ်လာပြီး ပျော်ရွှင်ရမယ့်အချိန်မှာ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရမလဲ။ ကြုံတွေ့ရမယ့် အနှောက်အယှက်တွေကကော လစ်ဇ်နဲ့ ဘယ်လိုဆက်စပ်နေလဲ။ အိမ်ကို ရုတ်တရက်ရောက်လာတဲ့ ယောက္ခမကြီးနဲ့ရော ဘယ်လိုပြသနာတွေကြုံတွေ့ရမလဲ။ မိန်းမနဲ့အမေကြားက ပြသနာတွေကို ဇက်ခ်ကကော ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ စိတ်ဝင်စားစရာကောင်းပြီး မိသားစုကြားက ပဋိပက္ခတွေ နဲ့ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကို မြင်အောင်ပြထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေနဲ့မို့ ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(1.4 GB)/(666 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ls.Ko
movie

Beware the Night Nurse (2023)

Honk for Jesus. Save Your Soul. (2022) 5.3
Honk for Jesus. Save Your Soul. (2022) Honk for Jesus. Save Your Soul. (2022) ============================နာမည်ကြီးခရစ်ယာန်ကျောင်းတစ်ကျောင်းက သင်းအုပ်တွေဖြစ်တဲ့ ချိုင်းစ် တို့ဇနီးမောင်နှံတို့နှစ်ယောက်အကြောင်းကို မှတ်တမ်းတင်ရုပ် ရှင်ပုံစံရိုက်ကူးထားတဲ့ Peacock ကဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။သင်းအုပ်ဆရာဖြစ်သူ လီခါးတစ်ချိုင်းတစ်ယောက် လိင်မှုကိစ္စတစ်ခုကို ကျူးလွန်မိခဲ့တဲ့အတွက် လူကြားထဲမျက်နှာမပွင့်ခဲ့ရာကနေ အရဲစွန့်ပြီး သူက သူတော်ကောင်းဖြစ်ကြောင်း နတ်ဆိုးက ဝင်ပူးခဲ့လို့လုပ်ခဲ့တာဖြစ် ကြောင်း ဘာညာ အများသူငါသိရအောင်လုပ်ဖို့အတွက် အန်နီတာ ဆိုတဲ့ ရုပ်ရှင်ဖန်တီးသူတစ်‌ယောက်ကိုခေါ်ပြီး၊ သူတို့အကြောင်းမှတ်တမ်းတင် ရိုက်ကူးဖို့လုပ်လိုက်တယ်။သူတို့ဇနီးမောင်နှံရဲ့အဓိကရည်မှန်းချက်ကတော့ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ ဘုရားကျောင်းကိုပြန်ဖွင့်ရင် လူတွေအများကြီးရောက်လာဖို့ပါပဲ။ ဒါဆို လူကြားထဲမှ သူတို့ ခေါင်းပြန်မော့နိုင်ပါ့မလား၊ လူတွေကရော သူတို့ဆီ ပြန်လာကြဦးမှာလားဆိုတာသိချင်ရင်တော့ ဒီမှတ်တမ်းတင် ဟာသကားလေး မှာဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(1.85 GB) / (778 MB) / (476 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Khant ...
movie

Honk for Jesus. Save Your Soul. (2022)

2022