Channel Myanmar

Manabu Hamada

As Long As We Both Shall Live (2023) 6.8
As Long As We Both Shall Live (2023)  Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ...
movie

As Long As We Both Shall Live (2023)

2023
The Legend And Butterfly(2023) 6.7
The Legend And Butterfly(2023) The Legend And Butterfly(2023)******************************ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းကပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ ..ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ ..ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုကမင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ...တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ ..စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History  ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae
movie

The Legend And Butterfly(2023)