Channel Myanmar

Manal El-Feitury

The Admirer (2023) 4.9
The Admirer (2023) The Admirer (2023) ===============ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက် ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ‌ ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ် တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။ video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွား တာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း မှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင် လေးဖုန်းက‌နေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာ ပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာ ပါတော့တယ်။လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက် လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.78 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie

The Admirer (2023)

2023
Beautiful Disaster (2023)
Beautiful Disaster (2023) Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie

Beautiful Disaster (2023)