Channel Myanmar

Manal Issa

Memory Box (2021) 6.8
Memory Box (2021) Memory Box (2021) =============== IMDb Rating ~ 6.8/10 Rotten Tomatoes ~ 93% 7 nominationsလစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းက ဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ် အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကို လက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီး ဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံး တစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ် ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်း ကြည့်တဲ့အခါမှာတော့...လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ် ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.3 GB) / (479 ...
movie

Memory Box (2021)

2021
The Swimmers (2022) 7.5
The Swimmers (2022) The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို  Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie

The Swimmers (2022)

2022