Channel Myanmar

Manik Papneja

Dono (2023) 5.5
Dono (2023) Dono (2023) "အဖြည့်ခံတို့ရဲ့ ချစ်လင်္ကာ" =======================မင်းသားကြီး ဆန်နီဒီရောရဲ့သားဖြစ်သူ ရာ့ဂျ်ဗီးရ်ဒီရောရဲ့ ပွဲဦးထွက် rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒေ့ဗ်ဟာ start-up လုပ်ငန်းတစ်ခုကို ဦးစီးတည်ထောင်ထားပြီး လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားရုန်းကန်သူဖြစ်ပါတယ်။ ဒေ့ဗ်တစ်ယောက် အလုပ်အတွက် ရုန်းကန်နေရတုန်း တစ်နေ့မှာတော့ ဒေ့ဗ်ရဲ့ ဖွင့်မပြောရသေးတဲ့ ငယ်သူငယ်ချင်းခရက်ရှ်လေး အိမ်ထောင်ပြုတော့မယ်လို့ သိလိုက်ပါတယ်။တစ်ယောက်ကြိတ်ကြိုက် တစ်ယောက်တည်း ကြိတ်ဆွေးနေတဲ့ ဒေ့ဗ်ဟာ တစ်ယောက်တည်း Move on ဖို့အတွက် ငယ်ခရက်ရှ်လေးရဲ့ မင်္ဂလာဆောင်ကို သွားရင်း သတို့သားရဲ့ သူငယ်ချင်းမလေး မက်ဂ်နာနဲ့တွေ့ပြီး Keanu Reeves ရဲ့ Destination Wedding ထဲကလို ဇာတ်လမ်းတွေ ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့သွားကြပုံကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့၊ စိတ်အပန်းပြေစေတဲ့ အချစ်ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Dono (2023)

2023
Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022