Channel Myanmar

Manjima Mohan

F.I.R (2022) 8.1
F.I.R (2022) FIR 2022IMDb 8.1Action/ Triller၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးကထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေး‌တွေက ရှယ်ကောင်းပါလျက်နဲ့မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကိုမကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးကရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့‌အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်‌ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာမွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်း‌ကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာသူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါသူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲအိုင်အက်စ်အကြမ်းဖက်သမားလား၊ ...
movie

F.I.R (2022)

2022
4K HEVC Web-DL
Tughlaq Durbar (2021) 6.3
Tughlaq Durbar (2021) Tughlaq Durbar (2021)ဒီတစ်ခေါက်မှာတော့ 96,Super Deluxe စတဲ့ရုပ်ရှင်တွေနဲ့ ထင်ရှားကျော်ကြားခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဖြစ်လဲ ပရိုဂျူဆာတစ်ဖြစ်လဲအောင်မြင်နေတဲ့ မင်းသားကြီး Vaji ရဲ့ ဇာတ်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်အရင်ဆုံး ဇာတ်လမ်းလေးကို အကျဥ်းချုံးလေးမြည်းစမ်းကြည့်ကြတာပေါ့ကိုယ်ဝန်လွယ်စဥ်ကထဲက နိုင်ငံရေးသမား ရာယာပန်ရဲ့မိန့်ခွန်းကို နားထောင်ရင်း ကြီးပျင်းခဲ့ရပြီးငယ်စဥ်ကလေးဘဝထဲက နိုင်ငံရေးသမား ဖြစ်ချင်နေခဲ့တဲ့ ဆင်းဂန်....ဆင်းဂန်ရဲ့အမေဟာ သူ့ညီမလေးကို မီးဖွားပြီးချိန်မှာ သေဆုံးသွားခဲ့သလို ဖအေဖြစ်သူကလည်းမိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ပူဆွေးသောကကြောင့်နဲ့ပဲ တိမ်းပါးသွားခဲ့ရှာပါတယ်ဒီလိုနဲ့ဆင်းဂန်ဟာ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ညီမဖြစ်သူနဲ့အတူနေထိုင်ခဲ့ကြပေမဲ့လည်းမောင်နှမနှစ်ယောက် စိတ်အလျဥ်း မသင့်မြတ်ခဲ့ကြပါဘူးမိသားစုအရေး ဘာညာလည်း စိတ်မဝင်စားတဲ့ ဆင်းဂန်အတွက် သူစိတ်ဝင်စားရာကတော့တစ်ခုတည်းပဲရှိပါတယ် အဲ့ဒါကတော့ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ရာယာပန်နဲ့ ရင်းနှီးပြီး နိုင်ငံရေးသမား ဖြစ်လာဖို့ပါပဲအတ္တဟိတ နဲ့ ပရဟိတ ယှဥ်တွဲလာတဲ့ နိုင်ငံရေးလောကမှာ နိုင်ငံရေးသမားဖြစ်ချင်တဲ့ဆင်းဂန်တစ်ယောက် အတ္တဟိတဘက်ကို အလေးသာသွားခဲ့တဲ့အခါမှာတော့......အကြံမျိုးစုံ ထုတ်ပြီး ရာယာပန်ဆီ အာရုံစိုက်ခံရဖို့ ကြိုးပမ်းနေတုန်းမမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဆင်းဂန်ဆီ ဖြစ်ပေါ်လာတဲ့အခါ....ဆင်းဂန်တစ်ယောက် အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းသွားမလဲ??နိုင်ငံရေးသမားဖြစ်ချင်တဲ့ ...
movie

Tughlaq Durbar (2021)

2021