Channel Myanmar

Manolo Solo

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
Close Your Eyes (2023) 7.4
Close Your Eyes (2023)  ဒီတစ်ခါမှာတော့ IMDb 7.4 ရရှိထားတဲ့ Spain Drama ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်.ဂျူလီယိုဆိုတဲ့ နာမည်ကြီးမင်းသားကြီးဟာ ရုပ်ရှင်ဇာတ်ကား ရိုက်နေရင်းကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတွေကတော့ သူဟာ မတော်တဆမှုတစ်ခု ကြုံခဲ့ရပြီး ကမ်းပါးပေါ်ကပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့ကြပေမဲ့ သူ့ရဲ့ အလောင်းကို ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့ အနှစ် ၂၀ကျော်ကြာတဲ့အချိန် ဖြစ်ရပ်ဆန်းတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ အစီအစဉ်တစ်ခုဟာ မင်းသားကြီး ဂျူလီယိုရဲ့ သူငယ်ချင်းဖြစ်သူ မီဂဲကို အင်တာဗျူးပြီး ဂျူလီယိုပျောက်ဆုံးသွားတဲ့ အကြောင်းကို ပြန်လည်ပြောဆိုရာကနေ မင်းသားကြီး ပျောက်ဆုံးနေမှုဟာ တစ်ဖန်ပြန်လည်နိုးထလာပါတော့တယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Close Your Eyes (2023)

Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

The Fury of a Patient Man (2016) 6.7
The Fury of a Patient Man (2016)  နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက်၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိကတွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲကထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Fury of a Patient Man (2016)

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)

Who Killed Bambi? (2013) 5.6
Who Killed Bambi? (2013) ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကိုအဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size…  1.1  GB /  476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Who Killed Bambi? (2013)

2013
Full of Grace(2022) 7.0
Full of Grace(2022) Full of Grace(2022)******************ဒီရုပ်ရှင်ဟာ Real Madridအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Valdoအကြောင်းငယ်ဘဝကို ရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။ တစ်နည်းပြောရရင် သီလရှင်တွေဦးစီးတဲ့မိဘမဲ့ကျောင်းတစ်ခုက ကောင်လေးတစ်သိုက်၊ ဆိုးကြပေကြတဲ့ ကောင်လေးတွေ၊စနစ်ရဲ့အပယ်ခံဖြစ်ခဲ့ရတဲ့ကောင်လေးတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဒီကောင်လေးတွေဟာ ဆိုးကြပေကြတဲ့အတွက် သီလရှင်ဆရာမတွေကတောင်လက်မြောက်အရှုံးပေးထားကြပြီး မြို့ခံတွေနဲ့လည်းအမြဲပြဿနာတက်ကြတဲ့အဖွဲ့ပါ။ ဆရာမတွေကလည်း သူတို့ပြဿနာတွေပဲလိုက်ရှင်းနေရပြီး၊ ကျောင်းကအခြေအနေသိပ်မကောင်း၊ပိတ်သိမ်းရနိုင်ခြေရှိလို့ ကောင်လေးတွေကို ပြည်နယ်မိဘမဲ့ကျောင်းကိုပို့ဖို့ဆုံးဖြတ်နေကြရပါတယ်။ ဒီလိုနဲ့နွေရာသီအားလပ်ရက်တစ်ခုမှာ သီလရှင်ဆရာမအသစ်ရောက်လာပြီး Valdoတို့ကလေးတစ်သိုက်ကို ထိန်းပေးဖို့တာဝန်ကျလေရော။ ကန့်လန့်တိုက်တတ်တဲ့ကောင်လေးတွေကိုထိန်းဖို့ ဆရာမအသစ်က နည်းလမ်းရှာရင်းနဲ့ ကလေးတွေဟာဘောလုံးကန်ရတာဝါသနာပါမှန်းသိသွားတဲ့အခါမှတော့....၊File Size :(1.9GB) and (898MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Full of Grace(2022)

Official Competition (2021)
Official Competition (2021) Official Competition (2021)2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ ...
movie

Official Competition (2021)

2021
Cell 211 (2009) 7.6
Cell 211 (2009) Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Cell 211 (2009)

2009
Elisa & Marcela (2019) 6.4
Elisa & Marcela (2019) ဒီရုပ်ရှင်လေးဟာဆိုရင် စပိန် ရိုမန်စ့် အတ္ထုပ္ပတ္တိ ဆန်ဆန် ရုပ်ရှင်ဖြစ်ပါတယ် ၁၉၀၀ ပြည့် ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပညာသင်ကြားခြင်းနဲ့ပတ်သတ်လို့ ရှေးရိုးစွဲ အယူအဆများ ရှိနေတုန်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှတ်တမ်းရုပ်ရှင် ထူးခြားချက်ကတော့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မှု အပေါ် ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ကမ္ဘာ့ပထမဦးဆုံး တရားဝင်လက်ထပ်ခဲ့တဲ့ Lesbian စုံတွဲဖြစ်ပါတယ် သူတို့နှစ်ယောက် ချစ်ခြင်းမေတ္တာဟာ ခက်ခဲ ကြမ်းတမ်းတဲ့ လူအဖွဲ့အစည်းကြားထဲမှာ ဘယ်လိုပုံစံနဲ့ တည့်မြဲခဲ့သလဲ ဆိုတာကိုကြည့်ရှူခံစားရမှာဖြစ်ပါတယ် အသိုင်းအဝိုင်းရဲ့ ဖိနိုပ်တွေကြောင့် စပိန်နိုင်ငံမှ ပေါ်တူကီ နိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ထောင်ကြခဲ့ရတာတွေ နောက်ဆုံး အကျဉ်းထောင်ထဲတွင် မီးဖွားရသည်အထိ အခြေအနေဆိုးခဲ့သည် တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့သည် (ဒီကိုယ်ဝန်ရသွားခြင်းကလည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ခဲ့သည်) မွေးရပ်မြေ စပိန်တွင် ကံဆိုးမိုးမှောက်ကျခဲ့ရသမျှ သည် ပေါ်တူဂီ မြေပေါ်တွင် စာနာသနားသူများအကူအညီများစွာနှင့် လွတ်မြောက်ခဲ့ရပြီး အာဂျင်တီးနားတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည့်  အီလီဆာ နှင် မာဆီလာတို့ စုံတွဲ အကြောင်း ကို ဖော်ကျူးထားသည် ရုပ်ရှင်ဖြစ်ပါတယ် 18+ အသက်၁၈ နှစ်မပြည့်သူများ ကြည့်ရှူရန် မသင့်သည့် ဇာတ်ဝင်ခန်းများပါရှိသည် ရုပ်ရှင်ကားကို Nyan Lin Oo ...
movie

Elisa & Marcela (2019)

2019
Gun City(2018) 6.4
Gun City(2018) Gun City(2018) IMDb....6.3 1921 ခုနှစ်တွင် စပိန်နိုင်ငံတွင်း အုပ်ချုပ်မှုများမှာ အထူးယိုယွင်းသည့်ကာလဟုဆိုရပေမည်... ရဲတွေကလည်း လဒ်စားမှုများသလို ပြည်သူတွေကလည်း အရင်းရှင်များရဲ့ ဖိနှိပ်ခြင်းကို မတရားခံနေကြရလေသည်... ထို့ကြောင့် ဘာစီလိုနာမြို့အနှံ ဆန္ဒပြမှုများသည် မှိုလိုပေါက်နေသည်....  ထိုအချိန်တွင်ပင်စစ်တပ် လက်နက်များသယ်ဆောင် လာသည့် ရထားတွဲ ဓားပြတိုက်ခံရသည်။ စစ်တပ်သုံး လက်နက်အများအပြားတိုက်ခံရသဖြင့် အုပ်ချုပ်ရေးပိုင်းမှ လူများခေါင်းမီးတောက်ကုန်သည်....မည်သူတိုက်သည်မသိ။ ထို လက်နက်များကို ပြန်ရှာရန် အထူးစုံထောက်တစ်ယောက် ရောက်ရှိလာပြီး စုံစမ်းထောက်လှမ်းသော်လည်း ပြဿနာ မှာ ထင်သည်ထက်ခက်ကာ၊ နိုင်ငံရေး အရှုပ်အထွေးများလည်း ရောယှက်နေသေးသည်။ အဖြေကိုရှာနိုင်ရန် Double agent သဖွယ် သရုပ်ဆောင်ရင်း Twist, turn များနှင့် ရင်ခုန်ဖွယ် ကြည့်ရမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်း တစ်ခုပင် ဖြစ်ပါသည်။  ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့သဘောကျမိတဲ့၂၀၁၈ ထွက်ဇာတ်ကားကောင်းစာရင်းထဲကို Gun city ဆိုတဲ့ကားကို ထည့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်အာမခံတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and ...
movie

Gun City(2018)

2018