Channel Myanmar

Manuj Sharma

Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022
Phone Bhoot (2022) 6.9
Phone Bhoot (2022) Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB  / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie

Phone Bhoot (2022)

2022
Why Cheat India (2019) 6.1
Why Cheat India (2019) Why Cheat Indiaဒီဇာတ်ကားကတော့ ယိုယွင်းနေတဲ့ပညာရေးစနစ်၊ အမြင်မှားနေတဲ့လူအဖွဲ့အစည်း နဲ့ဒီအရာတွေကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် ပညာရေးကိုအမြတ်ထုတ်ရောင်းစားနေတဲ့ လူတစ်စုအကြောင်းကိုပုံဖော်ထားတာပါ။ဆပ်တူးဆိုတဲ့ကောင်လေးက ငွေကြေးအဆင်မပြေပေမဲ့ ပညာရေးမှာတစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ကောင်လေးပါ။ သို့သော်သူ့ပညာရေးအတွက် သူ့အဖေက အကြွေးတင်နေတာရယ် သူ့အစ်မ နပူးလက်ထပ်ဖို့ရယ်ကြောင့် ငွေလိုအပ်နေတာပေါ့နပူးကတော့ အိမ်ငယ်လေးရဲ့ပြတင်းပေါက်ကနေ ကမ္ဘာကြီးကို စိတ်ကူးယဥ်ပြီး အိမ်မက်တွေပြည့်နှက်နေတဲ့တက်ကြွထက်မြက်တဲ့ကောင်မလေးတစ်ယောက်ပါရာကစ်ရှ်ဆိုတဲ့ သတ်လတ်ပိုင်းယောက်ျားတစ်ယောက်ကတော့ တစ်ဆွေလုံးတစ်မျိုးလုံးကိုထောက်ပံ့ရှာကျွေးနေပေမဲ့ သူ့အဖေမှန်းထားတဲ့ဆရာဝန် ဖြစ်မလာတဲ့အတွက် အမြဲတမ်းအမှိုက်လိုဆက်ဆံခံနေရတဲ့သူတစ်ယောက်ပေါ့ တစ်ဖက်မှာ ဆရာဝန်ညီလေးကိုတော့ အားလုံးက ဖူးဖူးမှုတ်ထားကြတယ်လေတစ်နေ့ ဘဝနာလို့သားကောင်ရှာနေတဲ့ ရာကစ်ရှ်တစ်ယောက် ငွေလိုနေတဲ့ ဆပ်တူးကို စာမေးပွဲတွေမှာကိုယ်စားဖြေပေးဖို့ ငွေအုပ်လိုက်ကြီးနဲ့ ကမ်းလှမ်းလာပါတော့တယ်။ ဆပ်တူးလည်းရေငတ်တုန်းရေတွင်းထဲကျသွားလို့ ဒီလို အချီကြီးပွမယ့်ကိန်းကို လုံးဝလက်လွတ်မခံခဲ့ပါဘူး။ဆပ်တူးတစ်ယောက် ပိုက်ဆံအများကြီးနဲ့ဘာဆက်လုပ်မှာလဲ ရာကစ်ရှ်ကရော ဒီလောက်နဲ့ကျေနပ်နိုင်မှာလားနပူးနဲ့ရာကစ်ရှ်တို့ အချစ်ဇာတ်လမ်းမှာကော ဘာပြဿနာတွေရှိလာမလဲ...IMDb rating 6.1/10 ရထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ် ရာဇဝတ်ကားလေးမလို့အခုပဲဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးပါရစေ  File size…1.5GB / 700MB Quality…1080p WEB DL AAC 2.0 ...
movie

Why Cheat India (2019)

2019
Suraj Pe Mangal Bhari(2020) 6.0
Suraj Pe Mangal Bhari(2020) Suraj Pe Mangal Bhari (2020) ****************************IMDb...6.0မဒူမန်ဂလ်ရာနေး ဆိုတဲ့သူဟာ မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းရေး လုပ်ပေးတဲ့ သူတစ်ယောက်ပါ။ သမီးရှင်တွေက သူတို့သမီးနဲ့ ပေးစားမဲ့သူက သင့်တော်လား မသင့်တော်ဘူးလားဆိုတာကိုသိရဖို့အတွက် မဒူမဂန်လ်ရာနေးကို အလုပ်အပ်ကြပါတယ်။ မန်ဂလ်က ရုပ်ဖျက်ပြီး သတို့သားလောင်းရဲ့ အကြောင်းကိုစုံစမ်းပြီး ကောင်းရင် ကောင်းသလိုမကောင်းရင် မကောင်းသလို သက်သေအထောက်အထားနဲ့တကွ သမီးရှင်ကိုတင်ပြရပါတယ်...များသောအားဖြင့် သိတဲ့အတိုင်း ယောင်္ကျားလေးဆိုတာမျိုးက မကောင်းမှုတစ်ခုခုကိုမွေ့လျော်နေတတ်တာမို့မန်ဂလ်ကြောင့်  ပျက်သွားတဲ့ လက်ထပ်ပွဲတွေမနည်းပါဘူး...ကြာလာတော့ ပွဲပျက်တာကိုတောင်ပျော်ချင်ချင်ဖြစ်လာပါတယ်...ဒီလိုနဲ့ နောက်သတို့သားလောင်း စုံစမ်းပေးဖို့ လာအပ်ပါတယ်...ထုံးစံအတိုင်းစုံထောက်ကြီး မန်ဂလ်ကြောင့် ပွဲပျက်သွားလေရဲ့...အရင်လိုပဲ အေးဆေးလေးပြီးသွားမယ်လို မန်ဂလ်ထင်ခဲ့တာကအမှားကြီးမှားတာပါပဲ...ဘာလို့ဆို ပွဲဖျက်ခံရတဲ့သတိုးသားလောင်းဟာ ဒီကိစ္စရဲ့ရင်းမြစ်ကိုစုံစမ်းတော့တရားခံဟာမန်ဂလ်ကြောင့်သိသွားတဲ့အခါမှာတော့ နည်းမျိုးစုံနဲ့လက်တုံပြန်ပါတော့တယ်..ဒီကားက ဟာသ အချစ်ကားလေးပါ ..ရယ်လည်းရယ်ရသလို ဇာတ်လမ်းလေးလည်းကောင်းပါတယ်...မင်းသမီးလေးလည်းလှပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik Sanပဲဖြစ်ပါတယ်...File Size :(1.22GB) and (471MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Suraj Pe Mangal Bhari(2020)