Channel Myanmar

Margaret Bowman

Lost in the Sun (2015) 6.0
Lost in the Sun (2015)  “ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက်အခြားသူတွေကို အပြစ်တင်ကြတယ်”“ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး”“ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီးဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမားဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီးမိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့်ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်ကဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်းရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ်နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကိုအန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက်လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ...
movie

Lost in the Sun (2015)

The Hot Spot (1990) 6.4
The Hot Spot (1990) မမ Jennifer Connelly တစ်ယောက် ဒီထဲမှာ ကြမ်းတယ်ဆိုလို့ Quality Update လိုက်ပါတယ်။IMDb (6.4) / Rotten Tomatoes (73%)ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သား တစ်ယောက်ပါ။ သူ့ နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(ဂျနီဖာကော်နယ်လီ)ကိုလဲ အလွတ်မပေးပါဘူး။တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။ဂျနီဖာကော်နယ်လီဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3 File size…(2.2 ...
movie

The Hot Spot (1990)

1990
1080p HEVC
Trading Paint (2019) 4.9
Trading Paint (2019) ပြိုင်ကားပွဲစဉ်နဲ့ဖန်တီးထားတဲ့ဇာတ်လမ်းလေးပါ။နာမည်ကြီး ပြိုင်ကားသမား ဆမ်မွန်ရိုးရဲ့သား ကမ်မွန်ရိုးဟာခက်ခဲလှတဲ့ဘဝမှာ ရုန်းကန်ရင်းနဲ့ သူ့အဖေအတွက်ပြိုင်ကားပွဲစဉ်တွေမှာ ဝင်ပြိုင်ပါတယ်။ဒါပေမယ့် ကားကိုပစ္စည်းအကောင်းစားတွေမဆင်နိုင်ခဲ့တဲ့အတွက်ပြိုင်ပွဲမှာ အနိုင်မရတဲ့အခါ သူ့ဘဝကို အလိုမကျဖြစ်လာခဲ့ပါတော့တယ်။ဒါ့ကြောင့် သူ့အဖေရဲ့ပြိုင်ဘက်ဖြစ်တဲ့ဘော့ဘ်လက်စကီရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးသူ့အတွက် ဝင်ပြိုင်လိုက်ပါတော့တယ်။သားအဖ၂ယောက်ကြား ပဋိပက္ခတွေဖြစ်ကာဆမ်မွန်ရိုးကိုယ်တိုင် ပြိုင်ပွဲမှာဝင်ပါလာတဲ့အချိန်မှာတော့ ပွဲစဉ်ကအရမ်းကိုကြမ်းတမ်းလာခဲ့ပါတော့တယ်။ File Size : ( 812 MB) & ( 305 MB)Quality : Web-DL 720pRunning Time :1hr 56 minFormat : Mp4Genre : Action , Drama , SportSubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded by May Pyae Sone Oo
movie

Trading Paint (2019)

2019