Channel Myanmar

Margaret Rossini

Life of Crime (2013) 5.8
Life of Crime (2013)  Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကိုပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီးဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်းတခြားအကြံအစည် တစ်ခုရှိနေပါတယ်.ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလိုကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကိုဟာသနှော တင်ဆက်ထားတဲ့ ...
movie

Life of Crime (2013)