Channel Myanmar

Margarethe Tiesel

The Heartbreak Agency (2024) 5.3
The Heartbreak Agency (2024)  ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေအတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲကအေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီးအရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်ကဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါမှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမတစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ်မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီးဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ်ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်းခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာတစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲအေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင်ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီးနောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.45GB / 675MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Heartbreak Agency (2024)

First Snow of Summer (2023)
First Snow of Summer (2023)  Best Film ဆု Best Director ဆု စတဲ့ ဆုတွေအများကြီးရရှိထားတဲ့ Austria Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားအပါအဝင် Best Director ဆုတွေအများကြီးရထားတဲ့ Chris Raiber ကိုယ်တိုင်း ရေးသားရိုက်ကူးထားပြီး Italy မင်းသားချော Thomas Prenn နဲ့ Austria မင်းသမီးချော Verena Altenberger တို့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်.......ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အချစ်ကိုရူးသွပ်ပုံကို အဖွားဖြစ်သူဆီက သိခဲ့ရပြီး သူ့ကိုယ်သူမချစ်မိဖို့ ကတိပေးထားခဲ့တဲ့ အလက်ဇန်းဒါး ဆိုတဲ့ ကောင်လေးတစ်ယောက်.....မိဘမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ မြေအောက်ရထားဘူတာရုံ ဦးထုပ်ဆိုင်က အချစ်ကိုအလိုမရှိတဲ့ ကောင်မလေးတစ်ယောက်.....လောကကြီးမှာ ဆုံတွေ့ဖို့ရေစက်ပါလာရင် ရှောင်လွဲလို့မရဘူး၊ အချစ်ဆိုတာ ပေးဆပ်ခြင်းသပ်သပ်ပါ၊ အချစ်မှာမျက်စိမရှိဘူး ဆိုတာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါဘယ်လို Ending လေးဖြစ်သွားမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(944 GB)/(574 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, ...
movie

First Snow of Summer (2023)

Steirerblut(2014) 6.4
Steirerblut(2014) ဒီဇာတ်ကားလေးကတော့ ဆန်ဒရာမိုဟာ ဆိုတဲ့ ရဲအရာရှိတစ်ယောက်သူရဲ့မွေးရပ်မြေမှာဖြစ်တဲ့ လူသတ်မှုတစ်ခုကြောင့် သူ့ရဲ့ အထက်အရာရှိ ဆာချာ ဘက်ဂ်မန်း နဲ့အတူ မွေးရပ်မြေကို ပြန်လာစုံစမ်းဖို့ဖြစ်လာတယ်သေဆုံးသူကလဲ လှပပြီး ဖော်ရွေတဲ့အမျိုးသမီးသတင်းထောက်ဖြစ်နေတော့ သံသယရှိသူတွေအများကြီးရှိနေတယ် စုံစမ်းစစ်ဆေးခြင်းက တစ်ဖြေးဖြေးပိုရှုပ်ထွေးလာပြီးတော့ သူ့မောင်ကပါ သံသယရှိသူထဲပါလာတဲ့အခါမှာတော့နောက်ပိုင်း လူသတ်မှုကိုဘယ်လိုဆက်ပြီးဖော်ထုတ်ကြမလဲဆိုတာကိုဇာတ်ကားလေးကိုဆက်လက်ပြီးကြည့်ပေးကြပါဦးနော်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်) File size…1.6 GB / 605 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie

Steirerblut(2014)