Channel Myanmar

Margaux Brooke

Gabriel’s Redemption: Part I(2023) 6.7
Gabriel’s Redemption: Part I(2023) Gabriel's Redemption: Part I(2023)********************************ဒီကားလေး‌ကတော့ အရင်အပတ်ကမှလောလောလတ်လတ်ထွက်ထားပြီး IMDb 6.2ရရှိထားပြီဖြစ်တဲ့ Gabriel's Inferno movie series ရဲ့နောက်ဆုံးထွက်ကား‌လေးပဲဖြစ်ပါတယ်။ ‌ကြည့်ရှုချိန် ၂နာရီနီးပါးကြာမြင့်ပြီး အချစ်၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ် <ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ ရှေ့ကကားလေးတွေကိုကြည့်ပြီးမှ ကြည့်ဖို့တိုက်တွန်းပါရစေ။>ဒီကား‌ထဲမှာတော့ ဂေဘရီရယ်တစ်ယောက် ကလေးယူချင်စိတ်ပြန်ဖြစ်လာပေမယ့် ဂျူလီယာကဘွဲ့လွန်ကျောင်းတစ်ဖက်နဲ့ဖြစ်နေပြီး ပညာရေးကို မစွန့်လွတ်နိုင်တဲ့အခြေအနေရောက်နေပါတယ်။မိသားစုတစ်ခု နှစ်ယောက်အတူထူထောင်လိုက်ရင် ကလေးတစ်ဖက်နဲ့ သူမပြုစုချင်တဲ့ချင်တဲ့စာတမ်းတွေမပြီးမြောက်ပဲ ဘွဲ့လွန်ကျောင်းကနေထွက်ရမယ့်အဖြစ်နဲ့ကြုံမှာကို သူမအကြောက်ကြီးနေခဲ့တယ်။တစ်နေ့မှာ ဂျူလီယာရဲ့စာတမ်းကို ပါမောက္ခဂေဘရီရယ်တစ်ယောက်ဖတ်ကြည့်ပြီးဒန်တေးရဲ့ဇာတ်လမ်းအပေါ် အမြင်မတူကြရာကနေအခြေခံကာ ဂျူလီယာတို့လင်မယားလက်ထပ်ပြီးပထမဆုံးရန်ပွဲလေးကိုနွှဲလိုက်ရပါတော့တယ်။ စာတမ်းပို့ချဖို့ အီတလီကိုသွားကြတဲ့အခါမှာလည်း ကတ်သရင်းတစ်ယောက်ဟာ ဂျူလီယာ့ကို မနာလိုဝန်တိုစိတ်နဲ့ အသရေဖျက်လိုဖျက်၊ အိမ်ထောင်ရှိနေပြီဖြစ်တဲ့ ဂေဘရီရယ်ကိုသွေးဆောင်လိုဆောင်နဲ့ ဂေဘရီရယ်နဲ့ဂျူလီယာတို့လင်မယားကို အမျိုးမျိုးစိတ်ဒုက္ခလိုက်ပေးနေခဲ့ပါတယ်။အမှောင့်အဖျက် ကတ်သရင်းတစ်ယောက် ဂျူလီယာ့ကို ဘယ်လိုနှောင့်ယှက်မလဲလည်း သူကိုယ်တိုင်လည်းဘာတွေကြုံတွေ့ရဦးမလဲ သူ့ကိုဘယ်လိုအရာတွေက စောင့်ကြိုနေလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။အချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ ပရိသတ်အချို့သဘောကျကြတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရဲ့ ကျန်ရှ်ိနေသေးတဲ့အခြေအနေတင်းမာမှုလေးတွေကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။File Size : (1.5GB) ...
movie

Gabriel’s Redemption: Part I(2023)

Gabriel’s Rapture:3(2022)
Gabriel’s Rapture:3(2022) Gabriel's Rapture:3(2022)အညွှန်း*****************************နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီးဒီတစ်ခါမှာတော့ part 3 အထိ သုံးကားထွက်ရှိထားပါတယ်။ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ အပိုင်းနှစ်မှာ ဂေဘရီရယ် ရက်ရက်စက်စက် ထားခဲ့တာခံခဲ့ရပြီး အသည်းကွဲသွားတဲ့ ဂျူလီတစ်ယောက် သူငယ်ချင်းပေါလ်နဲ့ပါမောက္ခကတ်သရင်းတို့ရဲ့ ကူညီမှုတွေကြောင့် ပြန်အဆင်ပြေစပြုလာပါပြီ။ကျောင်းဆက်တက်ဖို့ ဘော်စတွန်ကို ပြောင်းခဲ့ရာမှ ဂေဘရီရယ်ဆီကမက်ဆေ့တွေကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ ပြန်ဆုံကြမလား။ဂေဘရီရယ် ဘာလို့ ဒီလောက်ရက်စက်ခဲ့ရလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ။  File Size :(2.5GB)(847 MB) and (223 MB) Quality : Blu-Ray1080p 720p Format…mp4 Duration…02:00:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae 
movie

Gabriel’s Rapture:3(2022)

Gabriel’s Rapture:2(2022) 6.7
Gabriel’s Rapture:2(2022) Gabriel's Rapture: Part II(2022) အညွှန်း***********************************နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel's Infernoဆိုပြီး (၃)ကားရှေ့မှာထွက်ရှိပြီးဖြစ်ပါတယ်....Gabriel's Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်..ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်...ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမယ့် မမျှော်လင့်ထားတဲ့တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ   File Size : (1.8GB)(587 MB) and (164 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Gabriel’s Rapture:2(2022)

Gabriel’s Rapture:1(2021) 6.5
Gabriel’s Rapture:1(2021) Gabriel's Rapture: Part One(2021) အညွှန်း**************************************အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ....ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ်  File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Gabriel’s Rapture:1(2021)

Gabriel’s Inferno 2(2020) 6.0
Gabriel’s Inferno 2(2020) Gabriel's Inferno Part II(2020) သို့မဟုတ် Gabriel's Rapture (2020) အညွှန်း*********************************************************************ဒီကားလေးကတော့ Gabriel's Inferno ဆိုတဲ့အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာပြောဖို့လိုမယ်တောင် မထင်ပါဘူး... Scholarship ရထားတဲ့ကျောင်းသူလေးဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့အချစ်ဇာတ်လမ်းအဆက်ပါ...အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့အညွှန်းကိုအများကြီးမရေးပါတော့ဘူး....ဒီကားကိုမကြည့်ခင်Gabriel's Inferno (2020)ကိုကြည့်ပါ...ပြီးမှယခုကားကိုဆက်ကြည့်ကြပါ.... သရုပ်ဆောင်တွေကတော့... ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကိုခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Thar Htet ပဲဖြစ်ပါတယ် …File Size : (850MB) and (404MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : ...
movie

Gabriel’s Inferno 2(2020)

Gabriel’s Inferno(2020) 6.9
Gabriel’s Inferno(2020) Gabriel's Inferno(2020)အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီးNew York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီးတချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကိုအခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့်romance ဇာတ်ကားလေး တစ်ကားပါပဲ။ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Gabriel’s Inferno(2020)