Channel Myanmar

Margherita Buy

His Secret Life (aka) The Ignorant Fairies (2001) 7.3
His Secret Life (aka) The Ignorant Fairies (2001)  ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ...
movie

His Secret Life (aka) The Ignorant Fairies (2001)

The First Day of My Life (2023) 6.7
The First Day of My Life (2023)  "ကိုယ့်ဘ၀ရဲ့ ပထမဆုံးနေ့"ဆိုတဲ့အတိုင်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို သေချာ မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ အီတလီဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိုးတွေသည်းတဲ့ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ အမည်မသိ အဖိုးကြီးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ကြိုးစားနေတဲ့ လူလေးယောက်ကို အသက်ဘေးကကယ်တင်ပေးခဲ့ပြီး စတေရှင်ဝက်ဂန်ကားလေးနဲ့ ခေါ်လာခဲ့ပါတယ်။ဒီ အဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့ လူလေးယောက်ကတော့ နပိုလီယွန်လို့အမည်ရတဲ့ယောင်္ကျားကြီးရယ်၊ အာရီယာနာဆိုတဲ့ သက်လတ်အရွယ် မိန်းမကြီးရယ်၊ အမ်မီလီယာလို့ခေါ်တဲ့ မိန်းမပျိုလေးရယ်၊ ဒန်နီရယ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ။ဒီအဖိုးကြီးဟာ သူတို့လေးယောက်ကို ခုနစ်ရက်အချိန်ပေးလိုက်ပြီး သူတို့မရှိတော့တဲ့နောက်ပိုင်း သူတို့ဘ၀တွေဟာ ဘယ်လိုဖြစ်ဆက်သွားမလဲဆိုတာကို ခုနစ်ရက်တာကာလအတွင်း စတေရှင်ဝက်ဂန်လေးနဲ့ လိုက်လံပြသပေးပြီးတော့ သေဆုံးမှုထက် ရှင်သန်မှုကိုပဲရွေးချယ်ဖို့ရာကို တိုက်တွန်းဖို့ကြိုးစားပေးပါတော့တယ်။ရုပ်ရှင်တလျှောက် လူလေးယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတွေကို အသေးစိတ်ပုံဖော်ထားပြီး စိတ်ခံစားမှုကို လှုပ်ခတ်‌စေအောင် နောက်ခံတေးတွေကိုလည်း သေချာအသုံးပြုထားတာကိုတွေ့ရပါမယ်။ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့အချိန် သူတို့ဟာအသက်ရှင်နေခဲ့‌သေးရင် သူတို့ရဲ့အနာဂတ်နေ့ရက်မှာ သူတို့ကိုစောင့်မျှော်နေမယ့်သူတွေ၊ အဆုံးစီရင်ဖို့မကြိုးစားခင်က အထင်အမြင်လွဲမှားနေခဲ့တဲ့အရာတွေကို သိရှိသွားခဲ့ကြပြီးနောက်မှာတော့ သေကြောင်းကြံဖို့ ကြိုးစားနေခဲ့တဲ့ ဒီလူလေးယောက်ထဲမှာ ဘယ်သူတွေကဆက်ရှင်သန်ဖို့ လမ်းကို ရွေးချယ်မလဲ၊ ဘယ်သူတွေက‌ ကယ်တင်မှုကို ...
movie

The First Day of My Life (2023)

Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022
The Manual of Love (2005) Manuale d’amore 6.3
The Manual of Love (2005) Manuale d’amore The Manual of Love (2005) Manuale d'amoreအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ...
movie

The Manual of Love (2005) Manuale d’amore

7 Women and a Murder (2021) 5.4
7 Women and a Murder (2021) 7 Women and a Murder (2021)(1080p ရပါပြီ)ဇာတ်ကားရဲ့နာမည်ကိုက "7 Women and a Murder" တဲ့ ... ဆိုတော့ အမျိုးသမီး ၇ယောက်နှင့် လူသတ်မှုပေ့ါ။ကျွန်တော်တို့ရဲ့ ပုံမှန်နေ့စဉ်လူမှုဘဝမှာ အမျိုးသမီးတစ်ယောက်တည်းနဲ့တောင် တိုင်ပတ်နေရတဲ့အထဲမှာ ခုနှစ်ယောက်ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။လူသတ်မှုတစ်ခုနဲ့ သူတို့ခုနှစ်ယောက်ကြားမှာ ဘယ်သူကတရားခံမှန်းမသိ တစ်ယောက်ကိုတစ်ယောက် လက်ညှိုး‌တွေထိုးပြီး ဘာကြောင့်သတ်တာလဲဆိုတဲ့ အဖြေကို သံသယမျက်ဝန်းခုနှစ်စုံနဲ့ အဖြေရှာကြတဲ့ပုံကို ပေါ့ပေါ့ပါ့ပါ့းနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိမ်ကြီးတစ်အိမ်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ကို သူ့အခန်းထဲမှာ သေလျက်သားတွေ့လိုက်ကြတယ်။ အဲ့အချိန် တစ်ဆက်တည်းမှာပဲ တယ်လီဖုန်းကြိုး‌တွေဖြတ်ခံရ ကားကလည်း စက်နှိုးလို့မရဖြစ်ပြီး နောက်ဆုံး ခြံဝင်းဂိတ်တံခါးပါ သော့ခတ်ခံလိုက်ရတယ်။အဲ့အချိန်အိမ်ထဲမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေဟာ ရဲခေါ်မရ အကူညီတောင်းမရဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လူသတ်သမားဘယ်သူလဲဆိုတာ အကြောင်းရင်းကိုယ်စီနဲ့ စွပ်စွဲကြပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတော့...(ဇာတ်လမ်းအညွှန်းကို ကို Zwel Zan Aung က ရေးပေးထားပါတယ်။)File Size    ...
movie

7 Women and a Murder (2021)

2022