Channel Myanmar

María Cerezuela

In the Company of Women (2023) 6.5
In the Company of Women (2023)  ယခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ စပိန်-ပြင်သစ် ဒရာမာအမျိုးအစားဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ In the company of women လို့ခေါ်ပါတယ်။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်ကာလကစပိန်နိုင်ငံမှအမျိုးသမီးတစ်စုကကိုယ်ဝန်သည်အမျိုးသမီးတို့အားကိုယ်ဝန်ဖျက်ချဖို့ကူညီပေးကြပုံ၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်ရဖို့ဆန္ဒထုတ်ဖော်ကြပုံများအကြောင်းရိုက်ကူးထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့တဲ့အမျိုးသမီးတွေရဲ့ခံစားရပုံတွေလည်းရိုက်ကူးဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယခုအချိန်ထိလွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်မရရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုရလာခဲ့တဲ့အမျိုးသမီးများဟာအတော်လေးကိုဒုက္ခရောက်ရပါတယ်။ အဓမ္မပြုကျင်ခံရလို့မယူချင်တဲ့လူနဲ့ယူလိုက်ရတာမျိုးတွေဟာကျွန်တော်တို့ရဲ့မျက်ကွယ်မှာရှိနေပါသေးတယ်။ ဒီလိုအကြောင်းအရာတွေအကြောင်းကိုခံစားနားလည်သိရှိနိုင်ဖို့အတွက် ပညာပေးအနေနဲ့ဒီဇာတ်ကားကိုကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် ဘီရာဆိုတဲ့အမျိုးသမီးငယ်လေးဟာအမေဖြစ်သူအိမ်ဖော်အနေနဲ့အလုပ်လုပ်တဲ့အိမ်မှာလိုက်ကူလုပ်ပေးပါတယ်။သူမဟာအားတဲ့အချိန်မှာလည်း မိတ်ဆွေတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ‌တွေလုပ်ဆောင်လေ့ရှိပါတယ်။ထိုခေတ်ကစပိန်နိုင်ငံဟာတရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရသေးတဲ့အတွက် အမျိုးသမီးများဟာခိုးကြောင်ခိုးဝှက်ကိုယ်ဝန်ဖျက်ရပါတယ်။မိသွားခဲ့ရင်စစ်ဆေးခံရပါတယ်။ဘီရာနဲ့အပေါင်းအပါများဟာကိုယ်ဝန်ဖျက်ချချင်တဲ့အမျိုးသမီးများကိုပြင်သစ်နိုင်ငံသို့ပို့ပေးပြီးကိုယ်ဝန်ဖျက်ချဖို့ကူညီပေးပါတယ်။တရက်မှာသူမအလုပ်လုပ်တဲ့အိမ်ကအမျိုးသမီးငယ်လေးတစ်ယောက်နဲ့ရင်းနှီးသွားပါတယ်။အဲဒီနောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ထိုအမျိုးသမီးလေးမှာလည်းမလိုလားအပ်တဲ့ကိုယ်ဝန်ရှိနေတဲ့အခါမှာ ဘီရာတစ်ယောက်ဘာဆက်လုပ်မလဲဆိုတာကိုခံစားကြည့်ရှုကြပါခင်ဗျာ။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm
movie

In the Company of Women (2023)

Killer Book Club (2023)
Killer Book Club (2023)   ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကိုမျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်ကသေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆလူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီးတစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက်ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖို့အတွက်ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင်ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီသွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို့ ညွှန်းဆိုလိုက်ရင်း.... File size…1.13GB / 500MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung
movie

Killer Book Club (2023)