Channel Myanmar

Mariano Mendoza

Vide Noir (2022) 6.2
Vide Noir (2022) Vide Noir (2022) IMDb - 6.8/102008ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ရော့ခ်အဖွဲ့ Lord Huronရဲ့ တေးအယ်လ်ဘမ်နာမည်။ Billboard 200မှာ နံပါတ်ကိုးနေရာချိတ်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ Vide Noirဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပေးတဲ့အရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်စေတဲ့အရာ၊ အချိန် အာကာသနဲ့ သေခြင်းတရားဆိုတဲ့ အတားအဆီးတွေကိုဖယ်ရှားပေးတဲ့အရာ၊ လျှို့ဝှက်ထားတဲ့အမှန်တရားကို သင်ကြားပေးတဲ့အရာ...တဲ့။ ဘာလဲဆိုတော့ မူးယစ်ဆေးတစ်မျိုးပေါ့။ Lord Huronရဲ့ အယ်လ်ဘမ်ထဲက တေးသွားတွေအတိုင်း အခန်းခွဲပြီးတင်ပြသွားတာမှာ သီချင်းတွေမှာနားမလည်လိုက်ရတဲ့ ခံစားမှုအဓိပ္ပါယ်တစ်ချို့ကို ဒီရုပ်ရှင်ထဲမှာ ပြန်လည်ရှာဖွေကြည့်လို့ရပါတယ်။တောရိုင်းပန်းကလေးတစ်ပွင့်...။ဟိုးအဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတာ။ သတ္တိကောင်းလှပါတဲ့ ယောက်ျားတွေ ဘယ်လောက်ပဲရှာရှာ ပိုင်ဆိုင်ခွင့်မရဘဲ သူတို့ကြုံတွေ့ရမှာက သေခြင်းတရားနဲ့ စိတ်ပျက်အားလျော့မှုတွေ။ ဒီပန်းပွင့်ကလေးကို ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ပိုင်ဆိုင်ခွင့်ရခဲ့လို့ မင်းရဲ့ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးခဲ့ရင်တောင် အရှက်တရားကြောက် ညှိုးခြောက်ပြီးသေဆုံးသွားမှာတဲ့..။ အဲဒီပန်းကလေးကတော့ လီလို့ခေါ်တဲ့ မိန်းမပျိုလေးပေါ့။ ချစ်ရတဲ့ အရိုင်းပန်းကလေး လီကို လိုက်ရှာရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဇာတ်လမ်း။ လီ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အရာရာကိုအောင်နိုင်မှာလားဆိုတာ တေးသွားတွေကိုခံစားရင်း ကြည့်ရှုကြပါဦး။အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ်Genre..... Mystery, Thriller Quality…. 1080p | 720p File size… 1.9GB | ...
movie

Vide Noir (2022)

2022
Countdown (2019) 5.3
Countdown (2019) Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 ...
movie

Countdown (2019)

2019
Debt Collectors (2020) 5.6
Debt Collectors (2020) ဘွိုက်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်ရဲ့ အက်ရှင်ကားအသစ်ပါ။နာမည်ကတော့ အကြွေးတောင်းသူများတဲ့။ဇာတ်လမ်းကတော့ အကြွေးတောင်းတဲ့ဇာတ်လမ်းပါပဲ။လူမိုက်လုပ်ခဲ့ဖူးတယ် ဖရန့်ချ် နဲ့ ဆူး ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာကျည်ဆံတွေမှန်ပြီး သေလုမျောပါး ဖြစ်ပြီးတဲ့နောက်မှာ အနားယူခဲ့ကြပါတယ်။ဒါပေမယ့် စီးပွားရေး အဆင်မပြေတဲ့အခါမှနောက်ဆုံးတစ်ခေါက်အနေနဲ့ အကြွေးတွေအချီကြီးလိုက်တောင်းပေးရမယ်အလုပ်ကို လက်ခံပေးလိုက်မိပါတယ်။အကြွေး၃ ခုကို ၂ ရက်အတွင်း အပြီးတောင်းပေးရမယ့်အလုပ်ပါ။ဒါပေမယ့် အလုပ်က ထင်သလောက် လွယ်ပြီး ရိုးရှင်းမနေပါဘူး။တောင်းရတာ တကယ့် ဖိုက်တာတွေဆီက ဖြစ်ပြီး မပေးဘဲ ပြန်ချမယ့်သူတွေချည်းဖြစ်နေတဲ့အပြင် အကြွေးတောင်းခိုင်းတဲ့ ဘော့စ်ရဲ့ နောက်ကွယ်မှာလည်းပြဿနာတွေ ထပ်ရှိနေတဲ့အခါ နွားအိုကြီးနှစ်ယောက်နွားပျိုတွေနဲ့အပြိုင် ပွဲကြမ်းရပါတော့တယ်။ဟာသလည်းပါပြီး အက်ရှင်ကောင်းကောင်းနဲ့မို့ ကြည့်ကောင်းမယ့်ကားပါပဲ။ File Size : ( 912 MB , ...
movie

Debt Collectors (2020)