Channel Myanmar

Marie Zabukovec

Masquerade (2022) 6.5
Masquerade (2022) Masquerade (2022) =============== IMDb Rating - 6.5/10The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)File ...
movie

Masquerade (2022)

2022
Final Cut (a.k.a) Coupez (2022) 6.6
Final Cut (a.k.a) Coupez (2022) Final Cut (a.k.a) Coupez (2022)ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ? သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 3.7GB, 1.3GB, 598MB Quality  ...
movie

Final Cut (a.k.a) Coupez (2022)

2022
Play or Die (2019) 3.7
Play or Die (2019) ထူးဆန်းတဲ့ အိမ်ကြီး တစ်အိမ် ရှိတယ် တစ်ရက်မှာတော့ ထိုအိမ်ကြီး ထဲတွင် ပြုပြင်စရာများ ရှိတဲ့ အတွက် အလုပ်သမားခေါ်ရာ ရွှေ့ပြောင်းအလုပ်သမားများကိုသာ ခေါ်ဆိုခဲ့ပါတယ် အိမ်ကြီးတစ်လုံးတွင် လင်မယား ၂ ယောက်သာရှိပြီး ခြံအကျယ်ကြီး ထဲတွင် အိမ်တစ်လုံး နှင့် လူ ၂ ယောက်သာ နေသဖြင့် အမြဲတမ်း တိတ်ဆိတ်နေတက်သည်။ ရွှေ့ပြောင်းအလုပ်သမားများ ရောက်ရှိလာသောအခါ အလုပ်သမားများကို ခြံဝန်းအတွင်းသာ နေထိုင်စေခဲ့ပြီး တစ်ရက်သော အခါမှာတော့ ပိုင်ရှင်လင်မယား ပုံစံမှာ ထူးဆန်းနေကြောင်း အလုပ်သမားများသတိထားမိခဲ့သော အခါမှာတော့... ရုပ်ရှင်ကားဟာ သွေးထွက်သံယို များပါတယ် ရုပ်ရှင်ကားကို Hnyot Myet Wunn မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်
movie

Play or Die (2019)

2019